40.🔞🔞

5.5K 193 5
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(391)

" ကိုယ့်ကောင်လေးက Suit နဲ့ သန့်ခန့်နေတာပဲ "

ဟု ပြောလိုက်သော ကမ်းကို 9 က ပြုံးပြပြီး ဆိုဖာပေါ်တွင်ထိုင်စေသည် ။ ပြီးမှ

" ကျွန်တော်ပြောစရာရှိတယ် "

ဟု ပြောသည် ။ ထို့ကြောင့် ကမ်း ခေါင်းညိတ်လိုက်ပြီး

" ဒီလေါက် Serious ဖြစ်နေတာ ကိုယ့်ကိုလက်ထပ်ခွင့်တောင်းမလို့လား "

ဟု ​စလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် 9 က ကမ်း၏လက်မောင်းကို လက်သီးဖြင့်ဖွဖွထိုးကာ

" မနောက်နဲ့ ... တကယ်အတည်ပြောမှာ "

ဟု ပြောသည် ။ ပြီးမှ

" ကျွန်တော် ပရဟိတဆေးခန်းလေးတစ်ခုလောက်ဖွင့်ချင်လို့ "

ဟု ပြောသည် ။ ကမ်းခွင့်မပြုမည်ကိုစိုးရိမ်ကာ ပရဟိတဆေးခန်းဖွင့်လိုကြောင်းကို မျက်နှာငယ်နှင့်ခွင့်တောင်းနေသော 9 ၏ ပုံစံက အူယားစရာကောင်းနေသည် ။ 9 ၏ ဆန္ဒရှိလျှင် ကမ်းတွင်ရှိသမျှ အရာရာတိုင်းကို ပုံအောပေးပစ်နိုင်သည် ။

သို့သော် ...
9 အား စလိုသဖြင့် ချက်ချင်းခွင့်မပြုသေးပဲ

" ဖွင့်တာတော့ဖွင့်လို့ရတယ်လေ ... မင်းပိုက်ဆံနဲ့ဖွင့်မှာပဲဟာ "

ဟု ပြောလိုက်သည် ။

(392)

" ကျွန်တော့်မှာဘယ်ကပိုက်ဆံရှိလို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဖွင့်ရမှာလဲ "

ဟု ဆူပုတ်ပုတ်နှင့်မေးလာသော 9 ကို ကမ်း ပုခုံးနှစ်ဖက်တွန့်ပြလိုက်ပြီး

" မသိဘူးလေ ... မင်းကကုမ္ပဏီပိုင်ရှင်ပဲဟာ ... ပိုက်ဆံရှိမှာပေါ့ "

ဟူ၍ ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် 9 က ကမ်းရင်ခွင်ထဲခေါင်းတိုးဝင်ကာ

" အာ ဒယ်ဒီကလည်း ... ကျွန်တော်စီးပွါးရေးမလုပ်ချင်ဘူး ... ဆေးပဲကုချင်တယ် ... ပြီးတော့ ဒီကုမ္ပဏီက ကျွန်တော်တကယ်ပိုင်တာမှမဟုတ်တာ ... ဒယ်ဒီပိုင်တာပဲကို "

He is my DOLL(19)Donde viven las historias. Descúbrelo ahora