Chapter : 13

4.6K 475 8
                                    

"တီ.. တောင်"

နိုအယ် တံခါးဘဲလ်တီးသံကြောင့် နိုးလာသည်။ သူ နာရီကို ကြည့်လိုက်တော့ နေ့လည် ၁၂ နာရီအတိ။

ကြည့်ရတာ သီအို သူ ပြောခဲ့သလိုများ နေ့လည်စာဝယ်ပြီးရောက်လာတာလားမသိ။

"တီ... တောင်"

Password သိရက်နဲ့ ဘာလို့ တံခါးဘဲလ် ထိုင်တီးနေတာလဲ။

နိုအယ် စိတ်မရှည်စွာဖြင့် ကုတင်ပေါ်မှ ဆင်းလိုက်သည်။ မနက်တုန်းကအထိ တစ်ညလုံးမအိပ်ခဲ့ရသည့်အတွက် တော်တော် ခေါင်းတွေခဲနေအောင် ကိုက်နေခဲ့ပေမဲ့ အခု နည်းနည်းပါးပါး အိပ်လိုက်ရတော့လည်း အဆင်ပြေသွားသလိုပင်။

သူ့ခန္ဓာကိုယ်လေး အခုမှ လန်းဆန်းသွားသလို ခံစားရသည်။ နိုအယ် အိပ်ချင်မူးတူးဖြင့်ပင် တံခါးဆီသို့လျှောက်လာခဲ့သည်။

"တီ.. တောင်"

"လာပြီ"

နိုအယ် စိတ်ပေါက်ပေါက်ဖြင့် ထအော်လိုက်ရင်း တံခါးကို ဆွဲဖွင့်လိုက်သည်။

"ခင်ဗျား အိမ် Password လည်း သိနေတာကို ဘာလို့ ဘဲလ်တွေ ဇွတ်တီး"

သူစကားပင်မဆုံးလိုက်ပါ။ တံခါးဝမှ သောကက သူ့ကို လှမ်းပြုံးပြလေသည်။

"သောက။ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

သူ အံ့ဩတကြီးမေးလိုက်တော့ သောကရဲ့ မျက်နှာကြီးက မည်းသွားကာ သူ့ကို ဆောင့်ကြီးအောင့်ကြီးဖြင့်ဆိုသည်။

"သီအို အဲ့ကောင်ပေါ့။ ငါ ဟန်လင်းနဲ့ ချိန်းထားပါတယ်ဆိုတာကို မင်းဆီ အရင်သွားပြီး ကြက်ဆီထမင်းသွားပို့ပေးဖို့ ဖုန်းဆက်လာတယ်။

ကြက်ဆီထမင်းတောင် ငါက လမ်းကြုံတဲ့ဆိုင် ဝင်ဝယ်သွားပေးမယ် ပြောတာကို မဟုတ်ဘူး။ မင်းက ဒေါ်ရင်မြ ကြက်ဆီထမင်းမှ စားတတ်တာဆိုပြီး ငါ့ကို ဟိုးဘက် မြို့စွန်းထိ သွားဝယ်ခိုင်းတာ။

ရော့"

နိုအယ် သောက လှမ်းပေးသော ကြက်ဆီထမင်းဗူးကို လှမ်းယူလိုက်သည်။

"အိမ်ထဲ မဝင်တော့ဘူးလား"

"တော်ပြီ။ ဟန်လင်းနဲ့ နေ့လည်စာစားဖို့ချိန်းထားတာ နောက်ကျတော့မယ်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now