Chapter : 20

3.6K 334 7
                                    

နိုအယ် ဝိုင်သောက်ရင်း ရီဝေဝေ ဖြစ်လာသဖြင့် အိမ်ပြင်ဘက် ဝရံတာသို့ ထွက်လာခဲ့ပါသည်။

ဝရံတာတံင် ရပ်လိုက်ရင်း လတ်ဆတ်အေးမြသော လေကို တဝကြီး ရှူသွင်းလိုက်ကာ အညောင်းအညာပြေအောင် ခြေဖျားထောက်လျက် တစ်ခဏမျှ ရပ်နေမိသည်။

ည ၁၁ ထိုးပြီဖြစ်သဖြင့် ညမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီဖြစ်သည်။ နိုအယ်တို့ တိုက်ခန်းက လမ်းမကြီးနှင့် အနည်းငယ် လှမ်း၍လည်းထင်သည်။ ခွေးဟောင်သံတချို့မှလဲံ ဘာသံမှ မကြားရတော့။

ကောင်းကင်ပေါ်က လကို လှမ်းကြည့်တော့လည်း လက တိမ်မရှိသော ကောင်းကင်ထက်တွင် ကြည်လင်စွာ တောက်ပနေလေသည်။ လမင်းကြီး​​၏ အေးမြသော အလင်းရောင်အောက် မြို့ကြီးတစ်မြို့လုံးက နှစ်ခြိုက်စွာပင် အိပ်မောကျလျက်ရှိသည်။

"မအေးဘူးလား"

နိုအယ် အသံလာရာသို့ လှည့်ကြည့်လိုက်တော့ သူကဲ့သို့ပင် ဝရံတာဆီသို့ လေလတ်လတ်ဆတ်ဆတ်ရှူရန် ထွက်လာဟန်တူသော သောကအား တွေ့လိုက်ရလေတော့သည်​။ နိုအယ် သောကကို နှုတ်ဆက်စကားမဆိုပဲ သူငုံ့ကြည့်နေသည့် တောင်စုဘက်ဆီသို့သာ ပြန်လည်အာရုံထားလိုက်သည်။

"အေးရင် ဘာလို့ ထွက်လာတာလဲ"

"လေကောင်းလေသန့် ရှူဖို့လေ"

ပြောရင်းပင် သောကက နိုအယ့်ဘေးနားရပ်လျက် သူ့ဘောင်းဘီအိတ်ထဲမှ စီးကရက်တစ်လိပ်ထုတ်လိုက်ပြီး  မီးခြစ်ခြစ်လိုက်သည်။ သို့သော် ညလေအေးက သူ့ပိုင်သော စက်ဝန်းထဲ မီးတောက်တောက်လောင်ခြင်းကို တားမြစ်သကဲ့သို့ သောက မီးခြစ်ခြစ်ဖို့ကြိုးစားတိုင်း သူက ကြိုတင်ကာ မီးမတောက်စေနိုင်ရန် လေဖြင့် မှုတ်ထုတ်လေသည်​။ နိုအယ် မြင်ရတာ စိတ်မသက်သာတော့သည်နှင့် မီးခြစ်ရှေ့၌ သူ့လက်ဖဝါးကိုထားကာ လေကာပေးလိုက်သည်။

"လေကောင်းလေသန့်ရှူဖို့ဆို"

နိုအယ် သောကကို ဘုတောတော၍မေးလိုက်သည်။

"ဒါ လေကောင်းလေသန့်ပဲလေ"

ပြောပြောဆိုဆို သောကက သူ့မျက်နှာတည့်တည့်ဆီသို့ ဆေးလိပ်ငွေ့ဖြင့် မှုတ်ထုတ်လိုက်သည်။ နိုအယ် ထိုဆေးလိပ်ငွေ့များကို လက်ဖြင့် ခါထုတ်လိုက်ကာ သောကကို မျက်ထောင့်နီဖြင့် လှမ်းကြည့်လိုက်သည်။ သောကက သူ့အကြည့်ကို ဖြုံဟန်မတူ၊ အသံထွက်အောင်ပင် ရယ်၍ ဝံရံတာတစ်ဖက်သို့ မျက်နှာလှည့်သွားလေတော့သည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now