Chapter : 31

3.7K 399 37
                                    

သီအို သောက​၏ အလောင်းကို ဖက်ထားဆဲပင်။ သူ သောကကို ကြမ်းပြင် မချရက်။ သို့သော် သောကို ကြည့်ရင်း ရင်ထဲက သေမတတ်နာကျင်နေသည်မှာ သူ့နှလုံးတစ်ခုလုံး လက်နှင့်အညှစ်ခံထားရသလိုပင်။ သို့သော် မျက်ရည်မှာ မထွက်နိုင်ခဲ့။ ထိုမျက်ရည်တွေ သူ့ရင်ထဲ၌ တဖြည်းဖြည်း စုပုံလာကာ ဘယ်တော့မှ မခမ်းတော့မယ့် မျက်ရည်ပင်လယ်ကြီး တစ်ခု ဖြစ်တည်နေသလို ခံစားရသည်။ သီအို ရေမွှန်းနေသလိုပင် အသက်ကောင်းကောင်းမရှူနိုင်။ သူ့ရင်ဘတ်ကြီးက တင်းကျပ်နေကာ နှလုံးခုန်သံကို သူ့လည်မျိုမှ ကြားနေရလေသည်။

"အဲလက်စ် မနိုးခင် ငါတို့ တစ်ခုခု လုပ်ဖို့ကြံရမယ်"

ဓူဝံက သီအို့ ဘေးနား ထိုင်လျက်ပြောသည်။ ဓူဝံကို ကြည့်လိုက်တော့ ဓူဝံမှာလည်း သူ့လိုပင် စုတ်ပြတ်သတ်နေသည်။ ပါးပြင်ပေါ်တွင်မူ ခြောက်သွေ့နေပြီဖြစ်သော မျက်ရည်စီးကြောင်းများ အစီစီနှင့် ကြမ်းပြင်ပေါ် ၌ စိတ်ပျက်လက်ပျက်ပုံစံဖြင့် ဒူးတုပ်ကာ ထိုင်နေလေသည်။

"ငါတို့ လုပ်သမျှ အကုန် ထပ်မှားသွားပြီး လူတွေ ထပ်သေအောင်လား"

သီအို သက်ပြင်းချကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။ ဓူဝံက ခေါင်းကို ခါသည်။

"ငါတို့ ဘာမှ မလုပ်ရင် ဒီထက်ပိုပြီး လူတွေသေလိမ့်မယ် သီအို။

နိုအယ့်ကို ကြည့်"

သီအို ခပ်လှမ်းလှမ်းတွင် လဲကျနေသော နိုအယ့်ကို လှမ်းကြည့်လိုက်မိသည်။ ဟုတ်သည်။ သူဘာမှ မလုပ်လျှင် နိုအယ်အပါအဝင် ကျန်ရှိနေသော လူတွေ အကုန် ဒုက္ခရောက်လိမ့်မည်။ နိုအယ့်မျက်နှာကို သူကြည့်ရင်း စိတ်ပျက်အားငယ်မှုတွေကို ကြိုးစား ဖုံးဖိလိုက်ကာ အပေါ်မှ စိတ်အားထက်သန်သော မျက်နှာဖုံးကို ကောက်ဝတ်လိုက်ပါသည်။

စစ်ပွဲတစ်ပွဲတိုက်လျှင် ရန်သူ့ဦးခေါင်းကို မဖြတ်နိုင်သေးမချင်း ကိုယ့် ရဲဘော်ရဲဘက် သူငယ်ချင်းများ​၏ ကျဆုံးမှုကို အတိုင်းသားမြင်ခဲ့ရရာမှ ထွက်ပေါ်လာသော ကိုယ်​၏ဝမ်းနည်းနာကျင်မှုတွေကို ရန်သူမမြင်အောင် ကြံ့ခိုင်သန်မာချင်ယောင်ဆောင်ပြီး ခံစားမှုမရှိသည့် မျက်နှာဖုံးကို တပ်ကာ အဆုံးထိ လှေခွက်ချည်းကျန် မလံမလှဲသော စိတ်ဖြင့် ဆက်တိုက်ရသည်ဟု ဆိုကြသည်။ သီအို အခု ထိုကဲသို့ အခြေအနေထဲ ကျရောက်နေသည်ဟု ခံစားရပါသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now