Chapter : 28

4.2K 419 37
                                    

အိမ်အပြင်တွင် မိုးတွေက အုံ့ဆိုင်းလျက်ရှိသည်။ လေကလည်း ငြိမ်သက်လည်းရှိပြီး ရာသီဥတုမှာ အနည်းငယ် ပူစပ်ပူလောင် ဖြစ်နေပါသည်။ အဲလက်စ်က အချိန်အတန်ကြာ စကားမပြောပဲ သူ့လည်ပင်းသူ ဘောပင်နှင့် ထောက်နေသော နိုအယ့်အား မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။

အဲလက်စ်​၏ အကြည့်ကို နိုအယ်လည်း အရှုံးမပေးချင်သဖြင့် ပြန်လည်ကာ စိုက်ကြည့်လိုက်သည်။ အဲလက်စ်​၏ အကြည့်တွေက နိုအယ့် ဝိဉာဉ်အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်သွားသလိုမျိုး စူးရှလှပါသည်။ နောက်ဆုံးတော့ နိုအယ် ထိုအကြည့်တွေကို မခံနိုင်တော့ငြား သူပင် မျက်တောင်စခတ်၍ အကြည့်လွှဲလိုက်ရသည်။ ထိုအခြင်းအရာကို မြင်တော့ အဲလက်စ်က မသိမသာ ပြုံးလိုက်သည်။

"ထိုးလိုက်"

ထို့နောက်တွင်တော့ ခံစားချက်ကင်းမဲ့နေသော ရေခဲတမျှ အေးစက်လှသည့် စကားသံက အဲလက်စ်နှုတ်မှ ထွက်ပေါ်လာသည်။

"ထိုးလိုက်။ မင်း သေချင်ရင် အဲ့ ဘောပင် မင်း လည်မျိုထဲ ရောက်အောင်ထိ အားနဲ့ ထိုးချပလိုက်"

အဲလက်စ်က ပြောရင်း ကုတင်ပေါ် ထိုင်လိုက်သည်။

"မင်းကိုယ်မင်း သတ္တိရှိတဲ့ပုံဖမ်းနေပေမဲ့ မင်းကြောက်နေတယ်။ မင်း ငါ့ကို သေမလောက် ကြောက်နေတယ်။

ဒါကြောင့် မင်း ဒီအထိ ပြေးလာပြီး မင်းသူငယ်ချင်းတွေကို မသတ်ဖို့ ငါ့ကို လာတောင်းပန်တာပဲ"

နိုအယ် အဲလက်စ်​၏ စကားကို ပြန်ငြင်းချင်သော်လည်း သူ့နှုတ်မှ ဘာစကားမှ ထွက်မလာပေ။ ထို့အစား ဘာစကားနှင့်မှ စောဒကတက်စရာမရှိသည့် သူ့အဖြစ်ကို ခံပြင်း၍ မျက်ရည်များပင် ဝိုင်းလာရသည်။

"မင်းက အပေးအယူတစ်ခုကို ကမ်းလှမ်းတယ်ဆိုတော့ ငါကလည်း ငါ့ရဲ့ ခြိမ်းခြောက်စရာလေးတွေကို တင်ပြသင့်တာပေါ့ မဟုတ်ဘူးလား"

​စကားအဆုံး ခုနကမှ ကုတင်ပေါ် ထိုင်နေသော အဲလက်စ်က နိုအယ့်ရှေ့ ဖျတ်ခနဲ ရောက်လာကာ နိုအယ့် နဖူးကို သူ့ညာဘက်လက်ဖဝါးဖြင့် ဖိလိုက်လေသည်။ ထိုအခိုက် နိုအယ် ထိုဖိအားကြောင့် နောက်ပြန်လှန်ကျသွားသည်မို့ မျက်လုံးမှိတ်မိလိုက်သည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now