Chapter : 26

5.2K 462 18
                                        

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ။

အဲလက်စ် နေ့လည်နေ့ခင် ထမင်းစားပြီးသည်နှင့် အခန်းထဲသို့ တက်ပြီး ဂစ်တာကို ယူ၍ အိမ်နောက်ဖက်ရှိ သစ်သားအိမ်သို့ သွားရန်ပြင်လိုက်သည်။ နေ့လည်နေ့ခင်းဆိုသော်ငြား မျက်နှာကျက်မတပ်ထားသည့် သစ်သားအိမ်ထဲတွင်မူ ထင်သလောက်မပူ။ ကြည့်ရတာ နေမင်းကြီးက ဤနေရာတွင် တခြားနေရာတွေနှင့်မတူစွာ တစ်မျိုးတစ်မည် ထွန်းလင်းသည်နှင့်တူသည်။

အဲလက်စ် ဂစ်တာနှင့် ဂစ်တာ Pick ကို ယူပြီး အိမ်အောက်သို့ ဆင်းလာခဲ့သည်။ သူ ဧည့်ခန်းကိုအဖြတ် ဂစ်တာကို ကိုင်ထားသောလက်က အနည်းငယ် ချော်ထွက်သွားသဖြင့် တခြားလက်တစ်ဖက်တွင်ကိုင်ထားသော ဂစ်တာ Pick ကို ပစ်ချလိုက်ကာ ဂစ်တာကိုပဲ အောက်ကျမသွားအောင် ပြန်ဖမ်းယူလိုက်သည်။ ကံကောင်းစွာပင် သူ ဂစ်တာကို ပြန်ဖမ်းမိလိုက်ပါသည်။ သို့သော် ဂစ်တာ Pick ကတော့ ဘယ်ကိုကျသွားမှန်းမသိ။ အဲလက်စ် အခန်းသို့ ပြန်သွားပြီး ယူမည်ကြံလိုက်ပေမဲ့ သူ့တွင်ရှိသော ဂစ်တာ Pick မှာ ဤတစ်ခုက နောက်ဆုံးဖြစ်ကြောင်းသတိရမိလိုက်သည်။ ဟိုးအရင်နေ့တွေကတည်းက သူ တီးနေကျ ဂစ်တာ Pick နှစ်ခုလုံးက ထူးထူးဆန်းဆန်း ပျောက်နေခဲ့ပါသည်။ တွေးချင်ပေမဲ့ သီအိုဆိုသော ဟိုကလေး ယူဆော့ပြီး ဖျောက်ပစ်လိုက်တာက လွဲ၍ ဘာမှ မဖြစ်နိုင်။ အခု ပစ်ချလိုက်သည့် ဂစ်တာ Pick တောင် အဝတ်သေတ္တာအောက်ထဲမှ မနည်းပြန်ရှာထားရခြင်းဖြစ်သည်။

အဲလက်စ် ဂစ်တာကို နံရံတွင် ထောင်လိုက်ရင်း ကြမ်းပြင်ပေါ် ကျသွားသည့် ဂစ်တာ Pick ကို လိုက်ရှာလိုက်သည်။ စားပွဲတွေ ထိုင်ခုံတွေ ဆိုဖာတွေကြား တိုးဝင်ကာ ထိုင်ခုံအောက်တွေ သေချာ နှိုက်ရှာပါမှ ထိုင်ခုံခြေထောက်တစ်ခုနား ကပ်ကာ ကျကျန်နေသော Pick ကို ပြန်တွေ့လိုက်ရလေသည်။ သို့နှင့် သူ ကြမ်းပြင်ပေါ် ဒူးထောက်ကာ ထို Pick ကို ကုန်း၍ ယူလိုက်သည်။

ဂစ်တာ Pick သူ့လက်ထဲ ရောက်တော့ သူထမည်ပြင်လိုက်သည်။ သို့သော် စားပွဲပေါ်တွင် တင်ထားသော စာအိတ်တစ်အိတ်က သူ့အာရုံကို ရုတ်ချည်း ဖမ်းစားလိုက်ပါသည်။ ထိုစာအိတ်တွင် ရေးထားသည်က မြစိမ်း ဆိုသည့် နာမည် နှစ်လုံး။

A Moon Shines In The World Over Yonder (Book - 2) (Completed)Donde viven las historias. Descúbrelo ahora