Chapter :39

3.8K 324 7
                                    

နိုအယ် အမြင်အာရုံထဲ တောက်ပသော အလင်းတွေ ဝင်မလာမှီ ဦးစွာပထမ သူ စကားပြောသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ ထိုစကားပြောသံသည် သူ့အနီးနားကမဟုတ်။ တော့်တော့်ကို ဝေးသော အရပ်မှလာနေလေသည်။ ထိုစကားပြောသံသည် လူတစ်ယောက်တည်းမှ ထွက်လာသော တိကျရှင်းလင်းသည့် စကားပြောသံမဟုတ်။ တစ်ယောက်တစ်ပေါက် ပြောနေကြသော လူအုပ်ကြီး အတွင်းမှ စကားပြောသံနှင့်တူသည်။ ထိုစကားပြောသံအတွင်း မြေပြင်ပေါ် မာကျောသည့် တစ်စုံတစ်ရာ လိမ့်သွားသလို အသံများက မကြာခဏ ထွက်ပေါ်လာသည်။

နိုအယ် အားတင်းကာ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူပထမဆုံးမြင်ရသည်က မိုးပြာရောင် သုတ်ထားသည့် မျက်နှာကျက်ကိုပင်။ ထိုမျက်နှာကျက်သည် သစ်လွင်နေ၍ ပုံမှန် သန့်ရှင်းရေးလုပ်ထားပုံပေါ်လေသည်။ ထို့နောက် သူ့နှာခေါင်းထဲ ပိုးသတ်ဆေးနံ့ခပ်ဖျော့ဖျော့က ဝင်လာသည်။ သူ လှဲလျောင်းနေရာမှ ထထိုင်ဖို့ ကြိုးပမ်းလိုက်ပေမဲ့ ခန္ဓာကိုယ်က အားမရှိသေးတာမို့ ထထိုင်ဖို့ကိုပင် ချွေးစို့အောင် ကြိုးစားလိုက်ရလေသည်။

နိုအယ် ကုတင်ပေါ် ငုတ်တုတ်ထိုင်ပြီးမှ ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အကဲခတ်လိုက်မိသည်။ သူဆေးရုံရောက်နေသည်မှာ သေချာပါသည်။ လိုက်ကာ ကာထားသော မှန်ပြတင်းပေါက် အပြင်မှ အသံဗလံမျိုးစုံကြားနေရကာ သူ့လက်ကောက်ဝတ်တွင်လည်း ဆေးသွင်းထားသည်ကိုတွေ့လိုက်ရသည်။ နိုအယ် ကုတင်ပေါ် ငြိမ်သက်စွာ ထိုင်လိုက်ရင်း ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို ပြန်လည် လိုက်မှီအောင် စဉ်းစားလိုက်မိပါသည်။

ထိုအချိန် သူ့အခန်းတံခါးပွင့်လာကာ သီအိုတစ်ယောက် ရေဗူးတစ်ဗူးကိုင်၍ ဝင်လာသည်ကို တွေ့လိုက်ရသည်။ သီအိုက သူ နှိုးနေသည်ကိုတွေ့တော့ ချက်ချင်း မျက်နှာက ဝင်းပသွားကာ "နိုအယ်" ဟုခေါ်ပြီး သူ့ဆီသို့ မပြေးရုံတစ်မယ် ပြေးလာလေသည်။ ထို့နောက် သူ့နားသို့ရောက်သည်နှင့် မပြောမဆို လှမ်းဖက်လိုက်လေသည်။

နိုအယ် သဘောတကျဖြင့် ပြုံးမိလိုက်သည်။ သီအို​၏ အနံ့သည် သီအို​၏ အနံ့နှင့်မတူ။ ပိုးသတ်ထားသော ဆေးရုံဝတ်စုံကို ဝတ်ထား၍ သီအိုသုံးနေကျ CK ရေမွှေးနံ့အစား ပိုးသတ်ဆေးနံ့ရနေသည်။ သို့သော် သီအ်ု​၏ အထိအတွေးကတော့ အရင်အတိုင်းပင် နွေးထွေးနေသေးလေသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now