Chapter : 8

5.3K 538 5
                                    

"နိုအယ်.. နိုအယ်.. "

နိုအယ် သီအို့ရဲ့ ရုပ်လွှာကို ခပ်ဝါးဝါးမြင်နေရသည်။

သီအို့​၏ မျက်နှာက စိုးရိမ်ပူပန်မှုအပြည့်။

နိုအယ် တစ်ခုခုပြောလိုက်ချင်ပေမဲ့ သူ့မှာ ခေါင်းထူဖို့တောင် အားမရှိတော့။ သူ့ကိုယ်သူ ဘတ်ထရီကုန်နေသော ရီမုန်ကွန်ထရိုးလ်တစ်ခုလို ခံစားနေရလေသည်။ သူ့ကို မိုးကြည့်နေသော သီအို့ကို စိတ်မပူစေရန်တော့ အတတ်နိုင်ဆုံး အားကုန်သုံးကာ ပြုံးပြလိုက်ပါသည်။

သီအိုက သူ့ကို ပွေ့လိုက်ပြီး ထိုဘုရားရင်ပြင်ထောင့်လေးမှ တန်ဆောင်းတစ်လျှောက် ခပ်သွက်သွက် ပြေးဆင်းခဲ့သည်။ ဘေးနားက ဘုရားဖူးတွေကတော့ သူတို့ကိုနှစ်ယောက်ကိုကြည့်ကာ မသိမသာပြုံးနေကြသည်ကို တွေ့ရသည်။ ပုံမှန်အချိန်တွင်သာဆို နိုအယ် ရှက်ပြီး သူ့ကို ပွေ့သည့်အတွက် သီအို့အား ထအော်နေလောက်မည်ဆိုပေမဲ့ အခုအချိန်တွင်တော့ နိုအယ် သီအို့ရဲ့ ရင်ခွင်ထဲ မှေးပြီးသာ လိုက်ပါလာခဲ့မိလေသည်။

ဘုရားအောက်ရောက်တော့ သီအိုက အနီးအနားတွင်ရပ်နေသော တက္ကစီတစ်စီးကို ငှါးလိုက်ကာ နိုအယ့်ကို တက္ကစီပေါ်တင်လိုက်သည်။ ထို့နောက် သူပါတက်လာပြီး သူ့အိမ်သို့ သွားဖို့ တက္ကစီသမားကို လမ်းညွှန်လိုက်ပါသည်။

နိုအယ့်စိတ်ထဲ ဘာကြောင့်မှန်းမသိ။ ဝမ်းနည်းနေသည်။ ဝမ်းနည်းတာမှ မည်သည့်အချိန်တုန်းကမှ ဝမ်းမနည်းခဲ့ဖူးသော ခံစားချက်ဖြင့် ပြင်းပြင်းထန်ထန် ဝမ်းနည်းနေသည်။ သို့သော် သူ သီအို ဘေးကင်းသည်ကို တွေ့ရတော့ အနည်းငယ် စိတ်သက်သာရ ရမိတာ အမှန်ပင်။

နိုအယ် တက္ကစီနောက်ခန်းတွင် သီအို့အား မျက်နှာလွှဲပြီး တိတ်တိတ်လေး လူမသိအောင် ခိုးငိုနေမိသည်။ သို့သော် သူ​၏ တရှုံ့ရှုံ့ငိုသံကို နားပါးသော သီအိုက ကြားဖြစ်အောင် ကြားလိုက်သည်။ သူငိုနေသည်ကို သိသည်နှင့် သူ့ကို ဘာမေးခွန်းမှ မမေးပဲ ထိုတက္ကစီနောက်ခန်း၌တွင်ပင် တင်းကျပ်စွာ ပွေ့ဖက်ထားပေးလေသည်။

××××××××××××××××××××××××××××××××××××××

သီအို မကြာခင်ကမှ အချိန်ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားသော သူ၏တုန်လှုပ်မှုများကို အနည်ထိုင်သွားအောင် အသက်ခပ်ပြင်းပြင်းရှူလိုက်ရင်း နိုအယ့်ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးနေမိသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now