Chapter : 19

4.2K 441 23
                                    

"ငါတို့က အခုမှ ညစာစားပြီးတာ။ မင်းကော ညစာ စားပြီးပြီလား။ မစားရသေးရင် စားပြီးမှ အိပ်နော်"

"Room Service တော့ ခေါ်ထားတယ်။ ခဏနေ လာမယ်ထင်တယ်။

ဒါနဲ့ မင်းအမေက အိမ်ပြန်အိပ်မှာဆို ဒီည ဟန်လင်းတို့ကိုပဲ ဖြစ်ဖြစ် တိုက်ခန်းမှာ တူတူအိပ်ဖို့ ခေါ်ထားနော်။ တစ်ယောက်တည်း မနေနဲ့"

နိုအယ် ညစာစားပြီး ဓူဝံနှင့်တူတူ ပန်းကန်တွေ ဆေးကြော သိမ်းဆည်းနေတုန်း သီအို့ဆီမှ ဖုန်းလာသဖြင့် ခပ်မြန်မြန် အိပ်ခန်းထဲသို့ဝင်၍ ဖုန်းကြိတ်ပြောရသည်။

သီအိုက သူ့အား အိပ်ချင်မူးတူးလေသံဖြင့် ဖုန်းမှတစ်ဆင့်လှမ်းပြောပါသည်။ သီအို၏ ဂရုစိုက်မှုကို ရတော့လည်း နိုအယ့်နှုတ်ခမ်းစွန်းလေးက အပေါ်သို့ ကော့တက်ရပြန်သည်။

"စိတ်မပူပါနဲ့။ အမေက ဒီည ငါ့တိုက်ခန်းမှာပဲ တူတူအိပ်မှာ။ မနက်ဖြန်ကျမှ ငါနဲ့ အမေနဲ့ အိမ်ပြန်ကြမှာ။

ဒါနဲ့ မင်းခရီးကော အဆင်ပြေရဲ့လား"

"အခု ဒီဘက်မှာက မိုးရွာနေတော့ မြစ်ကူးဖို့ခက်နေသေးတယ်။ မြို့မှာပဲ နည်းနည်းတော့ စောင့်ရဦးမယ်ထင်တယ်"

"ဟုတ်လား။ ဒါဆို ထင်တာထက် နည်းနည်းတော့ နောက်ကျပြီးမှ ပြန်ရောက်မှာပေါ့"

"တစ်ရက်လောက်ပါပဲ။ ဒါပေမဲ့ တစ်ရက်လောက်ဆိုပေမဲ့လည်း မင်းအမေနဲ့ မတွေ့ရတော့မှာကို တွေးတော့ စိတ်ထဲမကောင်းဘူး"

သီအိုက တကယ် စိတ်မကောင်းနေသော လေသံဖြင့်ပြောသည်။

"ငါ့အမေက ခရစ်စမတ်ကျရင်လည်း ပြန်လာဦးမှာပါ။ မတွေ့လိုက်ရမှာ စိတ်ပူမနေနဲ့။ မင်းကိုယ်မင်းပဲ ဂရုစိုက်"

"နိုအယ်... ဝိုင်သောက်တော့မယ်လေ။ အခန်းထဲဝင်ပြီး ဘာလုပ်နေတာလဲ"

ထိုစဉ် ဧည့်ခန်းထဲမှ အမေ့အသံက စူးခနဲ ထွက်လာလေတော့သည်။ နိုအယ် အမေ့ကို "ထွက်လာပြီ" ဟုသာ ခပ်သွက်သွက်ပြန်အော်လျက် ဖုန်းကို နားဆီ တစ်ဖန်ပြန်ကပ်လိုက်သည်။

"ကြည့်ရတာ အမေ ခေါ်နေပြီနဲ့တူတယ်"

"အင်း.. ဟုတ်တယ်။ ခုနကမှ သောကနဲ့ ဟန်လင်းတို့ တွဲနေတာကို အမေသိသွားတယ်။ စစချင်း အဲ့ကိစ္စကို အမေက တစ်မျိုး ထူးထူးဆန်းဆန်း အမူအရာနဲ့ လက်ခံမယ်ထင်နေတာ။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now