"အမေ့ရဲ့ ကွန်ပျူတာကော"
"အဝတ်သေတ္တာထဲမှာ ထည့်ထားတယ်"
"အမေကလည်း အဝတ်သေတ္တာထဲထည့်စရာလား။ လေယာဉ်ဝမ်းဗိုက်ထဲ ရောက်သွားပြီး ဟိုလူက ဆွဲပစ် ဒီလူက ဆွဲပစ်နဲ့ ကွဲကုန်မယ်။
ပေး.. အမေ့ရဲ့ လက်ဆွဲအိတ်"
နိုအယ် အမေ့ရဲ့ လက်ဆွဲအိတ်ကို ဆွဲယူလိုက်သည်။ ထို့နောက် ခုနကမှ အသစ်စက်စက်ဝယ်ထားသော အဝတ်သေတ္တာထဲမှ အဝတ်တွေ လေးဖက်လေးတန် ဖုံးကာ ထည့်ထားသော ကွန်ပျူတာကို ထုတ်လိုက်ပြီး လက်ဆွဲအိတ်ထဲကနေ ဆွယ်တာတစ်ထည် ထုတ်လိုက်ရင်း ကွန်ပျူတာကို သေချာပတ်လိုက်ပါသည်။ ထို့နောက် လက်ဆွဲအိတ်ထက အဝတ်တွေကြားထဲ မထိမခိုက်အောင် သေချာ နေရာထားပြီး ထည့်လ်ိုက်သည်။
"တီ"
ထိုစဉ် အိမ်ရှေ့မှ ကားဟွန်းတီးသံ ထွက်လာသည်။
"ကြည့်ရတာ ခေါ်ထားတဲ့ တက္ကစီ လာပြီနဲ့တူတယ်"
အမေက အရှေ့ မှန်ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်ပြီး သူ့ဘက်ကို လှည့်ကာ ပြောလေသည်။
"အမေ့ရဲ့ ပက်စ်ပို့နဲ့ လေယာဉ်လက်မှတ်ကိုတော့ ပိုက်ဆံအိတ်ထဲ ထည့်ထားတယ်မလား။
မဟုတ်ာင် လေယာဉ်ပေါ်တက်ခါနီးမှ လိုက်ရှာနေရဦးမယ်"
"နိုအယ်ရယ်။ ငါ နင့်အမေပါ။
ငါ ဒီခရီးကို သွားလိုက်လာလိုက်လုပ်နေတာ အကြိမ် တစ်ထောင်မကတော့ဘူး။ ပူမနေစမ်းနဲ့"
အမေက သူ့ကို မျက်မှောင်ကြုတ်ကြည့်ကာ ညည်းတွားလေသည်။ နိုအယ် အမေ့ကို ပြန်မသွားခင် နောက်ဆုံးတစ် အားရပါးရ ထွေးပွေ့ကာ ဖက်လိုက်ပြီး အမေ့ရဲ့ ပစ္စည်းတွေကို တက္ကစီ နောက်ခန်းထဲ ထည့်ဖ်ို့ အပြင်ကို သယ်သွားလိုက်သည်။
အပြင်ရောက်တော့ တက္ကစီသမားက သူတို့ ယူလာသမျှ ပစ္စည်းတွေကို သူ့ကားထဲ စီရီကာ ထည့်ပေးလေသည်။
"အမေ ကောင်းကောင်းသွားနော်"
"အင်း..ဒါနဲ့ သားလက်ဆောင်အတွက် ကျေးဇူး။
ငါ့သားက ဒါမျိုးတွေ ပေးတတ်မယ်လို့တောင် မထင်ထားဘူး"
ကြည့်ရတာ အမေ အဝတ်သေတ္တာကို ပြောနေသည်ထင်သည်။ နိုအယ် သူ့ဆီမှ အဝတ်သေတ္တာလေးရ၍ ပျော်နေသော အမေ့ကို ကြည့်ရင်း ရင်ထဲ ဝမ်းနည်းပျော်ရွှင်ဖြစ်လာရသည်။
KAMU SEDANG MEMBACA
A Moon Shines In The World Over Yonder (Book - 2) (Completed)
Misteri / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...