Chapter : 24

3.7K 392 4
                                    

"နိုအယ်..."

သူ့ရှေ့မှာ သူအောက်ဆင်း ဝယ်ခဲ့သော ဂျုံခေါက်ဆွဲကို ခေါင်းမဖော်တမ်း စားနေသော နိုအယ့်ကို ငေးကြည့်ရင်း နိုအယ့်နာမည်ကို ခေါ်လိုက်သည်။

နိုအယ်က သူ့ကို စားရင်းနဲ့ ခေါင်းမမော့ပဲ မျက်လုံးလေးပဲ မော့ပြီး "ဘာ ပြောချင်လို့လဲ??" ဟူသော အကြည့်ဖြင့် ကြည့်သည်။

"စားပြီးရင် ဆေးရုံ သွားမလား"

နိုအယ်က ဘာမှ ပြန်မပြောပဲ စားလက်စ ဂျုံခေါက်ဆွဲကိုသာ ဆက်ပြီး စားနေလေသည်။ ကြည့်ရတာ နိုအယ် တော်တော် ဗိုက်ဆာနေသည့်ပုံ။ ဘယ်လောက်များ ငိုထားလို့လဲမသိ။

နိုအယ် စားပြီးတော့ ပန်းကန်ကို စားပွဲပေါ်မှာပဲ ချကာ ထိုင်ခုံမှ ထလိုက်ပြီး ရေခဲသေတ္တာဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် ရေခဲသေတ္တာဆီမှာ ရေတစ်ဗူးကို ထုတ်လိုက်ပြီး အဖုံးဖွင့်ကာ ဗူးလိုက် မော့ချလိုက်သည်။

"ငါပင်ပန်းနေပြီ။ အိပ်တော့မယ်"

ပြောရင်း ဆိုရင်း နိုအယ် အိပ်ခန်းထဲ တန်း၍ ပြန်ဝင်သွားခဲ့သည်။ သီအို စားပွဲမှာ ထိုင်နေရင်းနဲ့ နိုအယ် လုပ်သမျှအရာရာတိုင်းကို အတိုင်းသား ငေးကြည့်နေမိပါသည်။

"နိုအယ်"

"မင်းလည်း ဘာမှ လုပ်စရာမရှိရင် ပြန်တော့။

တစ်ညလုံး အခန်းတံခါးဝမှာ ထိုင်နေခဲ့တာမလား။ ပြီးတော့ မင်းကိုယ်နံ့လည်း တော်တော်ထွက်နေပြီ"

"နိုအယ်"

သူ နိုအယ့်ကို ထပ်ခေါ်လိုက်ပေမဲ့ နိုအယ် သူ့ကို လှည့်ပင်မကြည့်ပဲ အိပ်ခန်းထဲ သို့ ပြန်ဝင်သွားပါသည်​။ သီအို ထမင်းစားပွဲတွင် ထိုင်နေရင်း တစ်ခုခုတော့ မှားယွင်းနေကြောင်း အသေအချာ သိလိုက်ရပါသည်။ နိုအယ်က သူ့အမေအကြောင်း စကားအစမခံသလို စကားစမိလျှင်လည်း မကြားသလို ဟန်ဆောင်နေသည်။

အဖြစ်မှန်ကို လက်ခံရခက်မှန်း သီအိုနားလည်သည်​။ သို့သော် ယခုကဲ့သို့ ငြင်းဆန်ရင်း အချိန်လွန်သွားမှ နောင်တရမိတာမျိုး နိုအယ့်ကို မဖြစ်စေချင်တာတော့အမှန်ပင်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now