Chapter : 36

3.5K 290 12
                                    

သီအို မျက်လုံးဖွင့်ဖို့ ကြိုးစားလိုက်ပေမဲ့ မျက်လုံးထဲ စူးဝင်လာသော အလင်းရောင်ကြောင့် ကောင်းကောင်း ဖွင့်၍မရပဲ ပြန်သာ မှိတ်လိုက်ရသည်။

သူ့နောက်စေ့က ပူထူကာ အောင့်သက်ပြီး နာကျင်နေသည်ကို သတိထားမိလိုက်သည်။ သီအို ထို နောက်စေ့နေရာကို လက်နှင့် ကိုင်ကြည့်ဖို့ ကြိုးစားလိုက်ပေမဲ့ သူ့လက်က လှုပ်၍မရ။ သို့နှင့် သူ့ခြေထောက်ကို လှုပ်ရန်ကြိုးစားလိုက်သည်။ ခြေထောက်လည်း လှုပ်၍မရပေ။

သီအို ဤတစ်ခေါက်တော့ အားတင်းကာ မျက်လုံးကို ဖွင့်လိုက်ပါသည်။ မျက်လုံးဖွင့်ဖွင့်ချင်း သူမြင်ရသည်က မျက်နှာကျက်ပင်။ သူ ကြိုးစားပြီး လှဲနေရာမှ ရုန်းကာ ထထိုင်လိုက်သည်။ ထိုအခါမှ သူ့ဘေးတွင် သတိမဲ့ကာ လှဲလျောင်းလျက်ရှိသော နိုအယ့် ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်​။

"နိုးပြီလား"

သူ အသံလာရာဘက်သို့ မျက်နှာမူလိုက်ကာ မော့ကြည့်လိုက်သည်။ ဓူဝံက သူတို့ရှေ့၌ ရပ်နေပြီး သူ့လက်ဖဝါးကို သူပြန်ကြည့်နေသည်။

"ငါဒီကောင်ကို အထင်သေးပြီး မသတ်မိခဲ့တာ မှားတာပဲ။ ဒီကောင်က တော်တော် ဉာဏ်ပြေးတယ်"

ထို့နောက် လက်ဖဝါးကို စိုက်ကြည့်ရင်းပင် တည်ငြိမ်သော လေသံဖြင့် ရေရွတ်နေသည်။ ထိုစကားကို ကြားမှပင် သီအို သူ သတိမေ့မသွားခင် ကြားခဲ့ရသော ဂါထာရွတ်သံကို ပြန်သတိရလိုက်လေသည်။

"မင်းသိလား။ ငါ ဒီအိမ်ကြီးထဲမှာ ၁၇ နှစ်တိတိနေခဲ့တယ်။ ၁၇ နှစ်ကြီးတောင် နေခဲ့ပြီးမှ အခု ခန္ဓာကိုယ်လေးအသစ်ရလို့ အပြင်လောကကို ထွက်ဖို့ ကြိုးစားမိတာ။

မင်းတို့က ငါ့ကို ဒီကိုပဲ ပြန်ခေါ်လာတယ်"

ဓူဝံက သူ့ကို ခံစားချက်ကင်းမဲ့နေသော အသံဖြင့် အေးစက်စွာပြောလေသည်။ ထိုအခါမှ အဲလက်စ် ဓူဝံ့ကိုယ်ထဲ အဲလက်စ်ဝင်ပူးနေကြောင်း သတိထားမိသွားရလေသည်။

"ရပါတယ်။ ဒီကိုရောက်လာတော့လည်း ကောင်းတာပေါ့။

လူတွေဆိုတာ ဘယ်နေရာပဲ ရောက်ရောက် အဆုံးသတ်ကျ သူတို့အစပြုတဲ့ အိမ်ကိုပဲ ပြန်လာရတာမဟုတ်လား။ ငါသိသလောက် ရှေးခေတ် တရုတ်လူမျိုးတွေဆို ဇာတိမှာမဟုတ်ပဲ တခြားနယ်မှာ သေခဲ့ရင်တောင် အလောင်းကို အဲ့သေသူရဲ့ ဇာတိမြေကို ရောက်အောင် ပြန်သယ်ကြတယ်တဲ့။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now