Chapter : 29

3.9K 416 22
                                    

ဓူဝံ စာအုပ်ကို ကြည့်ပြီး စုတ်ချက် တစ်ချက်ချင်းစီကို ခေါင်းထဲ အသေးစိတ် မှတ်နေမိသည်။

"တီ..တောင်"

ထိုစဉ် တံခါးဘဲလ်မြည်လာသည်။ သူ ခပ်သွက်သွက်ပင်ထ၍ တံခါးဆီပြေးသွားလိုက်သည်။ တံခါးဝတွင်တော့ ဦးဖိုးစိန်က ခပ်နွမ်းနွမ်း လွယ်အိတ် တစ်လု့ဒဖြင့် မတ်တပ်ရပ်နေသည်။ သူ အဖိုး ဖိုးစိန်ကို အိမ်တွင်းသို့ ဖိတ်ခေါ်လိုက်ပါသည်။

အဖိုးဖိုးစိန်က ကွမ်းတဝါးဝါးနှင့် အိမ်ခန်းထဲသို့ ဝင်လာသည်။ အဖိုးဖိုးစိန်သည် တိုက်ပုံ အဖြူကို ဝတ်ထား၍ အစိမ်းကွက် အဆင်ရှိသော ပုဆိုးကို ဝတ်ဆင်ထားသည်။ ခေါင်းပေါ်တွင်မူ ထုံစံအတိုင်း ပုဆိုးအသစ်တစ်ထည်နှင့် ခေါင်းကို ပေါင်းထားပြီး ပုခုံးပေါ်တွင် လွယ်ထားသော လွယ်အိတ်မှာမူ အထဲတွင် ပစ္စည်း မနိုင်နင်း ထည့်ထားသည်မို့ ဖောင်းကားနေလေသည်။ ထိုလွယ်အိတ်ကို အဖိုးဖိုးစိန် ဘယ်နှနှစ်ကြာသည်အထိ သုံးခဲ့သည်လဲတော့မသိ၊ လွယ်အိတ်ကြိုးမှာပင်ရွဲနေ၍ အပေါ်ပင့် ကြိုးထုံးထုံးကာ လွယ်နေရသည်။

အဖိုးဖိုးစိန်က ဆိုဖာပေါ် သူ့လွယ်အိတ်ကို ချလိုက်ပြီး ဓူဝံ ဖတ်နေသည့် စာအုပ်ကို ဆွဲယူကာ တစ်ရွက်ချင်းစီ လှန်ကြည့်သည်။ ဓူဝံ ဘာစကားမှ မပြောပဲ တိတ်ဆိတ်စွာပင် အဖိုးဖိုးစိန်၏ ရှေ့မျက်နှာချင်းဆိုင် ဆိုဖာပေါ်၌ အချိန်အတန်ကြာ ထိုင်ရင်း အဖိုးဖိုးစိန် နှုတ်မှ ထွက်ကျလာမည့် သဘောတူညီမှုကို ရင်တထိတ်ထိတ်နှင့် စောင့်နေမိပါသည်။

နာရီဝက်ကျော်ကျော်လောက်ကြာတော့ အဖိုးဖိုးစိန်က စာအုပ်ကို ချလိုက်ပြီး သူ့ကို မော့ကြည့်ကာ "ဘယ်တော့ စမှာလဲ" ဟု မေးသည်။ ဓူဝံ ဝမ်းသာအားရဖြင့်ပင် ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဖြစ်နိုင်ရင် အခု စချင်တယ် အဖိုး။ စာအုပ်ထဲမှာ ပြောထားသမျှ လိုအပ်တဲ့ပစ္စည်းတွေအကုန် ကျွန်တော် ဝယ်ထားပြီးပြီ"

"အလောတကြီးမလုပ်နဲ့ ငါ့မြေး။ ဒီ အစီအရင်တွေက ထိန်းချုပ်အစီအရင်တွေထဲ ပါတာမို့ တစ်ခုခုမှားရင် အပနှင်တဲ့သူ တစ်ခါတည်း သေနိုင်စေတဲ့ အစီအရင်တွေ။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now