Chapter : 18

4.4K 449 19
                                    

"အမေ... သား ဒီမှာ.."

နိုအယ် အမေ သူ့ကိုတွေ့အောင် လူကြားထဲမှ ခြေဖျားထောက်လျက် ကလေးတစ်ယောက်လ်ို ခုန်ကာ လက်ယမ်းပြလ်ိုက်သည်။ အမေက သူ့ကို လာကြိုမယ်လို့ မထင်ထားမိလို့ထင်၊ သူ့ကိုတွေ့တော့ တစ်စက္ကန့်လောက် အမေ့ရဲ့ နှုတ်ခမ်းက အနည်းငယ် ဟသွားကာ ပြီးမှ ပြုံးလျက် သူ့ဆီသို့ ဦးတည်လျှောက်လာလေသည်။

"ထူးထူးဆန်းဆန်း ဒီတစ်ခေါက် လေယာဉ်ကွင်းထိ လာကြိုနေပါလား"

အမေက သူ့က်ို ပီတိအပြုံးဖြင့် ကြည့်ကာ ဆိုသည်။ နိုအယ် အရင်က အမေနဲ့ ဖာတိဖာသာ ဆက်ဆံရေးထဲ နေခဲ့မိခဲ့တဲ့အတွက် နည်းနည်းတော့ နောင်တရချင်နေခဲ့သည်။ ထို့ကြောင့် ဒီတစ်ခေါက်အမေပြန်လာရင် အမေနဲ့တူတူ အချိန်ကောင်းကောင်း ကုန်ဆုံးမည်ဟု သူ တေးမှတ်ထားပါသည်။

"အမေကလည်း ဘယ်တုန်းက ဘယ်အချိန် အိမ်ပြန်လာမယ်ဆိုတာ ကြိုပြောခဲ့ဖူးလို့လဲ"

နိုအယ် ပြောပြောဆိုဆိုဖြင့် အမေ့ရဲ့ ခရီးဆောင်အိတ်တွေကို အမေ့လက်ထဲမှ ဆွဲယူလိုက်သည်။ အမေ့ခရီးဆောင်အိတ်တွေသာဆိုသည်၊ အမေက ခရီးတွေသွားလျှင် လက်ဆွဲအိတ်နှင့် အဝတ်သေတ္တာတစ်လုံးမှလွဲ၍ ဘာအထုပ်အပိုးအပိုမှ မသယ်တတ်။ အရေးအကြောင်းရှိလျှင်တော့ အထုပ်တစ်ထုပ်လောက်ပိုလျှင်ပိုမည်။ နိုအယ် အမေ ဩဇီသွားခဲ့သည့် သုံးနှစ်လုံးလုံး တစ်နှစ်ကို အလုပ်ကိစ္စဖြင့်ကော အားလပ်ရက် အနားယူရန်ဖြင့်ကော နှစ်ခေါက် သုံးခေါက် အမြဲ ပြန်လာတတ်ပေမဲ့ အဝတ်အိတ် သုံးအိတ်ထက်ပိုယူတာကို မမြင်ခဲ့ဖူးပါ။

"အမေ့ အဝတ်သေတ္တာက ဘယ်နှနှစ်တောင် ရှိနေပြီလဲ။ လက်ကိုင်တောင် ပြုတ်ချင်နေပြီ"

နိုအယ် လှုပ်တုတ်လှုပ်တုတ်ဖြစ်နေသော လက်ကိုင်အိတ်ကို သတိထားဆွဲလျက် ညည်းတွားလိုက်သည်။

"ဝယ်ထားတာ သုံးနှစ်ကျော်ပဲရှိသေးတယ်။ အခြေအနေက ကောင်းပါသေးတယ် နိုအယ်ရဲ့။ နောက်တစ်နှစ်လောက်တော့ သုံးလို့ရပါသေးတယ်"

အမေက သူ့အမေလို့ကို ပြောရန်မလိုပါ။ ခြိုးခြံချွေတာရေးတွင် နိုအယ့်ကို မမှီရင်တောင် နောက်ကျမကျန်ခဲ့။ သို့သော်ငြား အမေက သူသုံးရမည့်ကိစ္စတွေကိုတော့ မခြိးမခြံ ပုံကာ သုံးတတ်သည်။ ဥပမာ ပြောရလျှင် လေယာဉ်လက်မှတ်ဖိုးပင်။ အိမ်ပြန်လာပြီး သူ့ကို တွေ့ဖို့အတွက်နှင့် တစ်နှစ်တစ်နှစ် လေယာဉ်လက်မှတ်ဖိုးနဲ့တင် သိန်းဆယ်ချီ သုံးတတ်ပါသည်။ နိုအယ့်မှာ နှမြောလွန်း၍ မလိုအပ်ပဲ မလာရန် ပြောသော်ငြား အမေကမူ လက်မခံ။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now