Chapter : 32

3.8K 409 23
                                    

နိုအယ် အဲလက်စ်​၏ တွန်းကန်လိုက်မှုကြောင့် သူ့ခန္ဓာကိုယ်တွင်းမှ လွှင့်ထွက်ကာ ပိန်းပိတ်အောင် မှောင်မည်းနေသော အမှောင်ထုထဲသို့ လွှင့်ပျံဝင်ရောက်သွားခဲ့သည်။

"ဒုန်း"

မည်မျှ ထိဝေးအောင် သူ လွှင့်ပျံသွားလဲတော့မသိ။ သူ လေထဲတွင် လွှင့်ပျံနေသည့်အချိန်မှာ တစ်သက်စာလို့ပင် ခံစားရသည်။ နောက်ဆုံး သူ့နောက်ကျောက မာကျောသော အရာတစ်ခုနှင့် အရှိန်ခပ်ပြင်းပြင်း ဆောင့်မိပါမှ သူလဲကျသွားလေတော့သည်။

နိုအယ် မြေကြီးပေါ်မှ ထကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အခန်းကျဉ်းတစ်ခုလေးထဲ ရောက်လို့နေသည်ကို တွေ့ရသည်။ အခန်း​၏ လေးဖက်လေးတန်ကို ခြစားထားသော အပေါက်များဖြင့် ပြည့်နှက်နေသည့် သစ်သားများကို သုံးကာ ကာရံထားပြီး ခေါင်းမော့ကြည့်လိုက်သောအခါ မျက်နှာကျက်မပါသော သွပ်ပြားကို တွေလိုက်သည်။ အခန်း​၏ တစ်ဝက်ကိုမူ ကွပ်ပျစ်တစ်ခုက နေရာယူထား​ပြီး အောက်သို့ ငုံ့ကြည့်လျှင် စိုစွတ်နေသော မြေနီများကိုတွေ့ရသည်။နိုအယ် နံရံတွင် ချိတ်ထားသည့် ခပ်မှိန်မှိန် ရေနံဆီမီးအိမ်ကို ဆွဲယူလိုက်ပြီး နံရံလေးဖက်၌ ထွက်ပေါက်များ ရှိလေမလားဟု လိုက်ကာ ပတ်ကာ ရှာမိသည်။ သို့သော် ထွက်ပေါက်လုံးဝမရှိ။ ခြစားထားသော သစ်သားပြားပေါ်မှ ခြပေါက်ကနေ အပြင်သို့ ချောင်းကြည့်လို့ရပေမဲ့ အပြင်တွင်လည်း ပိန်းပိတ်အောင် မှောင်နေသည်ကလွဲ ဘာဆိုဘာမျှ မရှိပါ။

နိုအယ် နံရံလေးဖက်လုံးကို လက်နှင့် လိုက်ထုကြည့်မိသည်။ သို့သော် နံရံတွေကသာ ဆွေးမြေ့နေသည့် သစ်သားတွေဖြစ်နေသည်၊ မာကျောသည်ကတော့ နှစ်လက်မထူသည့် ကွန်ကရစ်ခဲကြီးအတိုင်းပင်။ သူ တစ်ကိုယ်လုံးနှင့် တိုက်၍ တွန်းလဲသည်တောင် တုတ်တုတ်မျှ မလှုပ်။

နိုအယ် ဤနေရာကို မှတ်မိပါသည်။ သူငယ်ငယ်တုန်းက အဲလက်စ် သူ့ကို ပိတ်ထားခဲ့သည့်နေရာ။

နိုအယ် နောက်ဆုံး လက်လျှော့ကာ မီးအိမ်ကို ကွပ်ပျစ်ပေါ်တင်၍ ဒူးထောင်ကာ ထိုင်လိုက်နေလိုက်မိသည်။ ထို့နောက် ခါးကုန်းကာ ခေါင်းကို ဒူးပေါ်သို့ မှောက်လိုက်ပြီး မျက်လုံးနှစ်လုံးကို မှိတ်ချလိုက်သည်​။ သူ အိပ်ချင်သည်။ တကယ်ကို သူ အားရပါးရ အိပ်ချင်သည်။ သူ အိပ်မရခဲ့တာ ဘယ်နှလ ရှိနေပြီမှန်းတောင် မသိတော့။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now