Chapter : 9

5.1K 523 28
                                    

"နိုအယ်"

ဟန်လင်း​၏ ကျယ်လောင်သော ခေါ်သံကြောင့် နိုအယ် အိပ်ငိုက်နေရာမှ တစ်ဖန် အသိပြန်ဝင်လာသည်။

"သတိလည်းထားဦး။ မင်းမျက်နှာကြီး အိုးထဲ စိုက်သွားဦးမယ်။

​အိပ်ရေးပျက်တာ တော်တော်ဆိုးနေလို့လား"

ဟန်လင်းက သူ့ရှေ့မျက်နှာချင်းဆိုင်တွင် ထိုင်နေရာက ဟော့ပေါ့အိုးထဲ အသားနှိုက်ရင်း သူ့ကိုလှမ်းပြောသည်။ နိုအယ် အခုမှ သူတို့ ဟော့ပေါ့ဆိုင်ရောက်နေသည်ကို ပြန်သတိထားမိသွားသည်။

နိုအယ် အိပ်ချင်ပြေသွားအောင် ဖောက်ထားသော ကိုလာခွက်ကို ဆွဲယူကာ မော့သောက်ပစ်လိုက်သည်။

"မင်း အိပ်ရေးမဝဘူးလား"

သူ့ဘေးမှာ သူလုပ်သမျှ ငေးကြည့်နေသော ဓူဝံက သူ့ကို စကားစလာပါသည်။

"နည်းနည်းပါးပါးပါ"

"ဘာ နည်းနည်းပါးပါးလဲ။ နင် အိမ်မက်ဆိုးတွေမက်လို့ အိပ်မရတာ နှစ်ပတ်ကျော်နေပြီ နိုအယ်။ နင်တစ်ခုခု လုပ်မှရမယ်"

မြတ်နိုးက သူ့ပါးစပ်ထဲ အကင်ပစ်ထည့်လိုက်ရင်းဆိုသည်။ မြတ်နိုးစကားအဆုံး ဓူဝံက မြတ်နိုးဘက်ကို လှည့်ကာ ဆက်မေးလေသည်။

"အိမ်မက်ဆိုးမက်နေတာ ဟုတ်လား"

"စာမေးပွဲ မဖြေခင်ကတည်းက ဖြစ်နေတာ။

အဲ့တာကို ငါတို့တောင် စာမေးပွဲပြီးခါနီးမှ သိတာ။ အဲ့ကောင်ကလေ ဘာမဆို သူ့ဘာသာပဲ မြုံထားချင်တတ်တဲ့လူမျိုး။ သူငယ်ချင်းတွေကို ဘာဆိုဘာမှ ပြောပြတာမဟုတ်ဘူး"

"ဘာမှ ကြီးကြီးကျယ်ကျယ်လည်းမဟုတ်တာကို"

နိုအယ် ထဟန့်တော့ မြတ်နိုးက မျက်စောင်းထိုးပြပါသည်။ နိုအယ် စကားဆက်မပြောတော့ပဲ ကင်ထားသော အကင်တစ်ခုကို လှမ်းယူတော့ ဟန်လင်းက သူ့ရဲ့တူကို လှမ်းပုတ်ထုတ်ကာ "ဒါ ငါ့ဟာ" ဟုဆိုသည်။
ထိုအခါ ဓူဝံက သူကင်ထားသော အကင်တွေ အကုန်လုံး နိုအယ့်ပန်းကန်ထဲသို့ ထည့်ပေးလေသည်။

"ဟာ.. ရတယ် ဓူဝံ။ မင်းဘာမင်းစား။

ငါ့ဘာသာငါ ကင်လိုက်လို့ရတယ်"

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now