Book Announcement

4.8K 173 4
                                    

မင်္ဂလာပါ။ ဒီနေ့တော့ August ၅ ရက်နေ့မှာ A moon shines in the world over yonder ဝတ္ထုလေးကို Euphoria Book house မှာ ဝယ်ယူလို့ရနိုင်မယ့်အကြောင်း လာအသိပေးတာပါ။

ပထမဆုံးကတော့ ဒီ စာအုပ်လေးကို ဘယ်လို ဖန်တီးကြလဲဆိုတာလေး ပြောပြချင်ပါတယ်။

စာအုပ်အဖုံးကို စစဉ်းစားတော့ ကျွန်တော့်အနေနဲ့ Character တွေ မထည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Character တွေနဲ့ဆို ပိုလှမယ်လို့ တွေးမိပေမဲ့ Character ထက် ဒီ စာအုပ်ကို ပိုပုံပေါ်စေပြီး စာအုပ်ထဲက ဇာတ်လမ်းကိုကော ရှိသမျှ Character အားလုံးကိုကော ကိုယ်စားပြုနိုင်မယ့် တစ်ခုခုကို စဉ်းစားခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော် စဉ်းစားမိလိုက်တာက လင်းစံအိမ်ပါ။

လင်းစံအိမ်ဟာ သီအိုနဲ့ အဲလက်စ်တို့ရဲ့ အိမ်ဖြစ်တဲ့အပြင် အဲ့ဒီအိမ်မှာပဲ အရာအားလုံးစတင်ခဲ့ပြီး အရာအားလုံး အဆုံးသတ်ခဲ့တဲ့အတွက် လင်းစံအိမ်ကို ပုံဖော်ဖို့ တွေးမိခဲ့ပါတယ်။ အဲ့နောက်တော့ ဇာတ်လမ်း ခေါင်းစဉ်ထဲကအတိုင်း ပြည့်ဝန်းနေတဲ့ လမင်းကြီးက လင်းစံအိမ်ကို အုပ်မိုးထားတဲ့ပုံကို ဆက်စပ်တွေးရင် ပုံဖော်မိခဲ့ပါတယ်။

Art style ကိုတွေးတဲ့အခါမှာတော့ ကျွန်တော်က ကျွန်တော်အကြိုက်ဆုံး ရုပ်ရှင်တွေထဲက ရုပ်ရှင်နှစ်ကားကို တွေးမိခဲ့တယ်။ ဒါရိုက်တာ Tim Burton ရိုက်တဲ့ Corpse Bribe  နဲ့ Coraline တို့ကိုပါ။ နှစ်ခုစလုံးရဲ့ Art style က ထူးခြားတဲ့အပြင် အရမ်းဆွဲဆောင်မှုရှိတာကြောင့် စာအုပ်အဖုံးကို ဆွဲပေးမယ့် မ B Ka Lay ကို ဇာတ်လမ်းထဲက ပုံတွေကို ပြပြီး Refrence အနေနဲ့ ယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် လင်းစံအိမ်ကြီးဟာ ကိုလိုနီလက်ရာနဲ့ တည်ဆောက်ထားတာမို့ ကိုလိုနီခေတ် မြန်မာ့ဗိသုကာတွေကိုလည်း ထပ်ရှာခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော် သဘောကျသွားတာက Gothic-Colonial အဆောက်အအုံတွေကိုပါ။ သူတို့ဟာ ဗိသုကာအနေနဲ့ စိတ်ဝင်စားစရာကောင်းပြီး Victorian ခေတ်နဲ့ ကိုလိုနီခေတ် လက်ရာကို ပေါင်းစပ်ထားသလို အရောင်အဝါ ထွက်နေတာကြောင့် မ B ကို Gothic - Colonial အဆောက်အအုံပုံတွေ ပို့ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ထပ်စဉ်းစားမိတာကတော့ မီူအိမ်တွေအပြည့် ချိတ်ဆွဲထားတဲ့ သစ်ပင်သေကြီးကိုပါ​။ သစ်ရွက်တွေ မရှိတော့တဲ့ သစ်ပင်ကြီးမှာ သစ်ရွက်တွေအစား မီးအိမ်တွေ ချိတ်ဆွဲထားတယ်ပေါ့။ ဒါပေမဲ့ မ B နဲ့ ဆွေးနွေးတဲ့အခါ မီးအိမ်တွေ များလွန်းရင် အရောင်တွေက Overwhelm ဖြစ်သွားနိုင်တယ်ဆိုလို့ မီးအိမ်တစ်လုံးကိုပဲ ချိတ်ဆွဲဖို့ သဘောတူခဲ့ပါတယ်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now