Chapter : 5

6.4K 613 18
                                    

ငါ သေသွားတာလား။ မဟုတ်သေးဘူး။

ငါ့အသက်ရှူသံကို ငါပြန်ကြားနေရတယ်။ ငါ ဘယ်ရောက်နေတာပါလိမ့်။

နိုအယ် မျက်လုံးကို အားယူပြီးဖွင့်ကြည့်လိုက်တော့ သူပထမဆုံးတွေ့ရတာ ဖြူဆွတ်နေသော ဟင်းလင်းပြင်ကြီးကိုပင်။ သူ ထို ဘာမှ မရှိသော နတ္ထိကွင်းပြင်ကြီး​၏ တစ်နေရာတွင် လှဲလျောင်းလျက်သား ရှိသည်ကို တွေ့ရသည်။ နိုအယ် မျက်လုံးကို အားယူပြီး ဖွင့်ထားပေမဲ့ ကြာကြာမဖွင့်နိုင်၊ ဟင်းလင်းပြင်ကြီးမှာ အမည်းစက်တစ်စက် မထင်ကျန်လောက်အောင် ဖြူဆွတ်နေရာ မျက်စိစူးသောကြောင့် သူ တစ်ဖန် မျက်လုံးကို ပြန်မှိတ်လိုက်သည်။

ထူးဆန်းလိုက်တာ။ ပုံမှန်ဆို အမှောင်ထုထဲ နိုးထနေရမှာ။

နိုအယ် လှဲနေရာကနေ အသက်ကို ပုံမှန် ကြိုးစားရှူသွင်းနေမိသည်။ သူ ဤနေရာကို ရောက်ကတည်းက သတိထားမိသည်မှာ ဤနေရာသည် အသက်ရှင်နေသည့် အရာတစ်ခုမှ ဆက်လက်ရှင်သန်နေထိုင်နိုင်လောက်သော ဂေဟစနစ် ရှိမနေခြင်းပင်။ နိုအယ် တစ်ဖက်လောကကို အကြိမ်များစွာ ရောက်ဖူးရကား ထို သေလူတို့နေထိုင်သော လောကကြီးတွင်ပင် လေထုခပ်ပါးပါးတစ်လွှာရှိသေးသည်ကို သိထားသည်။ သို့သော် ထိုအမှောင်ထုနှင့် ဆန့်ကျင်ဘက် အလင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားရသလို ဖြူဆွတ်နေသော ဤကမ္ဘာ၌ကား ထို သေလူတို့​၏ ကမ္ဘာထက် ပို၍ပင် ပါးလွှာသော လေထုတည်ရှိသည်။ သေလူတို့​၏ ကမ္ဘာသည် ပေပေါင်းထောင်ချီမြင့်သော တောင်ကြီးတစ်ခု​၏ ထိပ်တွင်ရှိသော လေထုကဲ့သို့ ပါးလွှာလျှင် ဤကမ္ဘာ​၏ လေထုမှာ ပေပေါင်းသောင်းချီအမြင့်တွင် တည်ရှိသော လေထုအလွှာ​၏ ပါးလွှာမှုမျိုးကို ပိုင်ဆိုင်ထားသည်။ လေထုဖိအားကလည်း သာမန် လူတို့​၏ ကမ္ဘာထက် ပိုပြီး ပြင်းထန်နေသည်ကိုလည်း ခံစားနေရသည်။

နိုအယ် လှဲလျောင်းနေရာမှ ထလိုက်သည်။ တစ်ခါမှ ယခုလို အဖြူရောင်အပြည့်တွေလွှမ်းခြုံထားသော နေရာ ကွင်းပြင်ထဲ မနိုးထဖူးသဖြင့် နိုအယ် ရပ်မြဲရပ်ရာနေရာကနေ မရွှေ့ဘဲ ဘေးကို ၃၆၀ ဒီဂရီလှည့်ကြည့်နေလိုက်လေသည်။

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now