Chapter : 16

4.3K 444 30
                                    

ဓူဝံ ပြတင်းပေါက်နေတစ်ဆင့် တောင်စုမြို့အနောက်ပိုင်းတစ်မြို့လုံးကို ဆေးလိပ်ဖွာရင်း ငေးကြည့်နေမိသည်။ တောင်စုမြို့က မြို့ကြီးတစ်မြို့ဖြစ်ပေမဲ့ တခြား မြို့ကြီးတွေလို လမ်းတွေ အိမ်တွေက သူ့ Block နဲ့သူ စနစ်တကျ တည်ရှိနေကြတာမျိုးတော့မဟုတ်။ နည်းနည်း ပရမ်းပတာ နိုင်သည်ဟု ဆိုရမည်။ အဓိကက မြို့ကလည်း တောင်တွေ ဝန်းရံထားတဲ့ ချိုင့်ဝှမ်းထဲမှာ တည်ရှိနေသည့်အပြင် ပထဝီမြေပြင်ကလည်း တောင်ကုန်းလေးတွေ ချိုင့်ဝှမ်းလေးတွေ အထပ်ထပ်နှင့်မို့ မြို့အား စနစ်တကျ တည်ဆောက်နိုင်စွမ်း မရှိပေ။ အဆောက်အဦးနှင့် လမ်းတွေက မြေပြင်အလိုက် အဆင်ပြေသလို ဖောက်ထားရလေသည်။

"အဖိုး"

သူ့အသံကိုကြားတော့ အဖိုးက ရေနွေးကြမ်းသောက်ရင်းနဲ့မှ သူ့ကို မော့ကြည့်လာသည်။

"လူတစ်ယောက်က ပူးကပ်ခံနေရတဲ့အချိန် ကိုယ့်ကိုကိုယ် ပြန်ထိန်းချုပ်ဖို့ ဖြစ်နိုင်လား"

ဓူဝံ အားမရှိသော လေသံဖြင့် မေးလိုက်ပါသည်။ အခုနောက်ပိုင်း နိုအယ် အခြေအနေဆိုးလာတာကို သူသိနေသည်။ သူတို့လည်း တတ်နိုင်သမျှတော့ အမြန်ဆုံး အဲလက်စ်ကို ရှင်းဖို့ လုပ်နေပေမဲ့ စိုးရိမ်တာက အချိန်မမှီလိုက်မှာကိုပင်။ နိုအယ့် အခြေအနေက မနက်ဖြန်ပင်မသေချာ။ အချိန်မရွေး ပူးကပ်ခံနိုင်ပြီးတဖက်လောကမှာ ပိတ်မိသွားနိုင်သည်။ အကယ်၍သာ ဝိဉာဉ်လွှင့်တတ်တဲ့ နိုအယ်အကျင့်က ပြဿနာတစ်ခု ဖြစ်လာပြီး နိုအယ့်ကို တစ်ဖက်လောကမှာ ပိတ်မိနေစေတယ်ဆိုရင် သူ သွားကယ်လို့ရမှာမဟုတ်။

"မဖြစ်နိုင်ဘူး။ သရဲပူးကပ်ခံရတယ်ဆိုရင် မင်း လုံးဝ မျောနေတဲ့အနေအထားမှာပဲ ပူးကပ်ခံရတာ။ အိပ်နေတဲ့အချိန်၊ ကိုမာဝင်နေတဲ့အချိန်မျိုးပေါ့။ မင်းအနေနဲ့  ဒီခွက်ထဲကို ရေနွေးကြမ်း လောင်းထည့်မယ်ဆို ဒီခွက်က လွတ်နေမှရမယ်။

ပူးကပ်ခံရတာလည်း ဒီလိုပဲ။ ပူးကပ်ခံရတဲ့သူက အသိစိတ်ကင်းမဲ့နေမှ ရမယ်။ အသိစိတ်ကင်းမဲ့နေပါပြီဆို ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့ရမှာလဲ"

A Moon Shines In The World Over Yonder (Book - 2) (Completed)Where stories live. Discover now