မနက်ခင်း နေရောင်ခြည် ခပ်ဖျော့ဖျော့ သီအို့မျက်လုံးကို ထိုးလာတော့ သီအို မျက်လုံးကို လက်တစ်ဖက်မြှောက်ကာ ကာမိလိုက်သည်။ သူတို့ တစ်ညလုံး မအိပ်ပဲ ဆက်တိုက်မောင်းနှင်လာခဲ့သည်မှာ ၆ နာရီနီးပါး ကြာခဲ့ပြီဖြစ်၍ ဝါးချိုင့်မြို့နှင့် တဖြည်းဖြည်း နီးလာခဲ့ပြီဖြစ်သည်။ နိုအယ်ကတော့ တစ်ညလုံး ထိုင်ငို၍ အာရုဏ်တက်ခါနီးလေးကပင် ပင်ပန်း၍ အိပ်ပျော်သွားခဲ့သည်။
သီအို မှေးစင်းလာသော မျက်လုံးများကို ကြိုးစား ပင့်တင့်ကာ လမ်းမကို မနည်းအာရုံစိုက်၍ ဆက်လက်မောင်းနှင်လာမိသည်။ အရှိန်ကိုတော့ မလျှော့မိ။ အရှိန်သာ လျှော့လိုက်၍...
"တီ"
ထိုစဉ် သူတို့ ကားနောက် ကျယ်လောင်လှသော ကားဟွန်းတီးသံ ထွက်လာရာ သီအို လန့်ဖျတ်သွားပြီး ကားကို လမ်းဘေးပေါ်သို့ ထိုးဆင်း၍ ကားဘရိတ်ကို ဆောင့်နင်းမိလိုက်လေသည်။
"ကျွီ"
ကား၏ အရှိန်ကြောင့် နိုအယ်တစ်ယောက် အိပ်ပျော်နေရာမှ နိုးလာသည်။ သီအိုကမူ ခုနက ဟွန်းတီးသံကြောင့် နှလုံးခုန်သံတွေ အဆမတန် တရစပ်ခုန်နေသည်မှာ အခုန်မရပ်သေး။ သီအို အသိစိတ်တွေ စုစည်းလိုက်ကာ စိတ်လျှော့လျက် ပုံမှန်ထက် မြန်နေသော အသက်ရှူသံကို လျှော့ချရင်း ကြိုးစားကာ အသက်ကို မှန်မှန်ရှူနေမိသည်။ နိုအယ်က သီအို့ကို ဘာမှ မမေးပဲ စူးစိုက်ကာ ကြည့်နေလေသည်။ တစ်အောင့်ကြာမှ သီအို့ကိုယ်တွင်း သွေးလည်ပတ်မှု ပုံမှန်ပြန်ဖြစ်သွားကာ တောင့်တင်းသွားသော ခြေလက်များ ပြန်လည် လှုပ်ရှားလာနိုင်လေတော့သည်။
"သီအို"
ထိုအခါမှ နိုအယ်က သူ့အား လှမ်းခေါ်သည်။
"ခုနက ဘာဖြစ်သွားတာလဲ"
သီအို ခေါင်းခါရင်း ပြန်ဖြေလိုက်ပါသည်။
"ဘာမှ မဖြစ်ပါဘူး။ ဒီအတိုင်း ငါ"
"မင်း အသံအကျယ်ကြီးတွေကို ကြောက်နေတာလား"
နိုအယ်က တည်ငြိမ်စွာပင်မေးပါသည်။ သီအိုမငြင်းမိ။ ထို့နောက်တွင်တော့ သူတို့နှစ်ယောက်ကြားထဲ တိတ်ဆိတ်မှုက အတန်ကြာမျှ ကြီးစိုးသွားလေသည်။ သီအိုလည်း ကားစက်ပြန်နှိုးလိုက်ကာ လမ်းမပေါ် ပြန်တက်လိုက်သည်။
YOU ARE READING
A Moon Shines In The World Over Yonder (Book - 2) (Completed)
Mystery / Thrillerအမှောင်ထုသာ စိုးမိုးထားတဲ့ အခြားတစ်ဖက်မှာ .. ကျွန်တော်က အလင်းရောင်ဖြာလင်းပေးရမယ့် လမင်း.. ကျိန်စာလား လက်ဆောင်လား ?? ကျွန်တော့်ကံကြမ္မာကို အမြဲလိုလို သံသယပေါင်းများစွာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပေမယ့်.. သီအိုက...