'' ကျွန်တော်ချစ်ရသော ထိုကောင်လေး ''
***အခန်း ( ၂ ) ***
မြို့ပြကြီး၏ ခမ်းနားထည်ဝါမှုတွေနှင့်အတူ မြို့ကြီးသူမြို့ကြီးသားများခံယူထားသူတွေက ထိုမြို့ထဲ၌ ပျော်ရွှင်စွာ စီးမျှောနေကြလေသည်။ ယခုလည်း ည၉နာရီကျော်မှာ မြို့ပြ၏ အငွေ့အသက်တွေ နဲ့အတူ ''Cutely Boy '' ဟုခေါ်သော ကလပ်ဘားလေးမှာ သူငယ်ချင်းတစ်စု စီးမျှောစွာ ခံစားနေကြလေသည်။ ငြိမ့်ငြောင်းသောသံစဉ်လေးကိုခံစားရင်း လက်ထဲ၌ကိုင်ထားသော ဝိုင်ခွက်လေးတွေကို လှုပ်ရှားရင်း ယိမ်းနွဲ့နေမှုတွေက အားပေးသူပရိတ်သတ်တွေ သံစဉ်ထဲဘယ်လောက်စီးမျှောကြောင်း သိနိုင်ပါသည်။
သူတို့အုပ်စုလေးက သူငယ်ချင်းလေးယောက်စုထားသော အုပ်စုလေးပါ သူတို့က မြတ်သူကျော်၊ တည်ငြိမ်ခန့်၊ ခန့်ငြားသွင် နှင့် ဘုန်းလရောင်တို့ဘဲဖြစ်ကြသည်။ တစ်ကျောင်းတည်းတက် တစ်မေဂျာတည်းနေကြသော သူတို့သည် အလွန်လည်း ချစ်ကြပါသည်။ တစ်ယောက်အခက်ခဲကိုတစ်ယောက်ကူညီကာ အမြဲတမ်းရိုင်းပင်းခဲ့ကြသော သူတို့သည် ပြဿနာတက်ခဲ့လျှင်လည်း ခဏသာပါ ပြန်ပြီးအဆင်ပြေကြပါသည်။ ထိုလေးယောက်လုံးသည် လိင်တူစိတ်ဝင်စားကြသူများ သာဖြစ်ကြသော်လည်း မြတ်သူကျော်နှင့် ဘုန်းလရောင်တို့က Top role များဖြစ်ကြ၍ တည်ငြိမ်ခန့်ကတော့ Ver ပါ ခန့်ငြားသွင်ကတော့ bottom လေးပါ။ သို့ပေမဲ့ သူတို့သည် ဟိုမိုလောကရဲ့ သားကောင်လေးတွေဆိုပေမဲ့ ladyboy လေးတွေကဲ့သို့မနွဲ့နေပါပေ သို့သော် သူတို့ရဲ့အပြုအမူတွေက သူတို့က ဟိုမိုဆိုတာကို သိသာနေစေသည်။
ဒါကလည်း ပတ်ဝန်းကျင်ကို ကိုယ်မမှားလျှင်ဂရုမစိုက်တက် ကိုယ်ပျော်သလို နေတက်ကြသောအကျင့်လေးတွေကြောင့်လည်း ဖြစ်ကြပါသည်။ လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့်ရှိသည် ကြိုးစားပိုင်ခွင့်ရှိသည် ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရမည် မိမိကြောင့်တစ်ပါးသူကို မထိခိုက်လျှင် ရပြီး ကိုယ်သတ်မှတ်ချက်နှင့်ကိုယ်နေကြသော သူတို့လေးယောက်သည် အကယ်၍များ တစ်စုံတစ်ယောက်က ရိုင်းစိုင်းစွာဆက်ဆံလာခဲ့လျှင်လည်း လုံးဝငြိမ်မနေတက်ကြပါပေ။
DU LIEST GERADE
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...