''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
****အခန်း ( ၃ ) ****
မာန်မဟာ တစ်ယောက် စိတ်ညစ်ညစ်နှင့် ဈေးဝယ်ထွက်မည်ဟု ဆုံးဖြတ်ကာ shopping center သို့ထွက်လာခဲ့လေသည်။ လိုအပ်သော အသုံးဆောင်ပစ္စည်းများနှင့် လိုချင်နေသော အင်္ကျီတစ်ထည်ကိုလည်း ရှာဖွေလိုချင်သောကြောင့်ဖြစ်သည်။ တနင်္ဂနွေနေ့ မျိုးဖြစ်သောကြောင့် ကုန်တိုက်တွေမှာ လူစည်ကားနေတော့မှာတော့အမှန် လူအများကြားထဲ သွားလာလှုပ်ရှားရမှာတော့ မာန်မဟာတစ်ယောက် အကြိုက်တွေ့လှသည်မဟုတ် ဒါပေမဲ့လည်း စိတ်ကညစ်ညစ်နှင့် လိုချင်တာလေးတွေလည်း ရှိနေလို့သာ ထွက်လာခဲ့ခြင်းပါ။ စပို့စ်ရှပ်အင်္ကျီဖြူလေးကို ဘောင်းဘီဒူးခေါင်းဖုံးလောက်ရှိသော ဂျင်းဘောင်းဘီလေးနှင့် ရိုးရိုးလေးသာဝတ်ဆင် လာလိုက်လေသည်။
အရမ်းကြီးလည်း ဝယ်စရာမရှိ အိမ်တွင်နေနေလျှင် မိခင်ဖြစ်သူ ဒေါ်သစ္စာနှင်းဆီက ပူညံပူညံလုပ်မှာစိုးလို့သာ ရှောင်ထွက်လာခြင်းလည်းဖြစ်သည်။ ဘာကြောင့်ပူညံပူညံလုပ်ရသလဲဆိုတော့ မာန်မဟာအား မိခင်ဖြစ်သူက အိမ်ထောင်ချပေးနေခြင်းဖြစ်သည်။ ဒါကိုမာန်မဟာက လက်မခံဘဲ ငြင်းလွတ်နေသောကြောင့် မိခင်ဖြစ်သူဒေါ်သစ္စာနှင်းဆီက သူ့ဆန္ဒမပြည့်ဝသေးသောကြောင့် ပူညံပူညံ လုပ်နေရခြင်းပါ။ မာန်မဟာလည်း ကုန်တိုက်ထဲသို့ဝင်လာခဲ့လေသည် သူထင်ထားသကဲ့သို့ပင် ရုံးပိတ်ရက် အလုပ်နားရက်တွေဖြစ်သောကြောင့် ကုန်တိုက်ထဲမှာ လူစည်ကားနေသည်။
သူလည်း သူများတွေနှင့်နည်းတူ ကုန်တိုက်ထဲသို့ပတ်လျှောက်ရင်း ဝယ်နေကျဆိုင်ဖြစ်သော Future and Dream Store ဆီသို့ရောက်လာခဲ့လေသည်။ မျက်နှာသစ်ဆေး Pond's အမျိုးအစား Oil Control ကိုသူရွေးချယ်လိုက်ပြီး မျက်နှာလေးကိုအေးမြစေအောင် လိမ်းသည့် cream တစ်မျိုးဖြစ်ပြီး နေ့နှင့်ညတွဲသုံးရသော For Men အမျိုးအစားတစ်ခုသူဝယ်ယူလိုက်လေသည်။ ထို့နောက် သူအရမ်းကြိုက်သော ရေမွှေးလေးတစ်ခုကို သူလိုက်ရှာမိသည် ပြင်သစ်မှထုတ်လုပ်သော နာမည်ကြီးတံဆိပ်တစ်ခုဖြစ်သည့် ရနံလေးကလည်း မရိုင်းဘဲသင်းသင်းလေးနှင့်စွဲကျန်ရစ်သော အနံမျိုးဖြစ်သည်။
DU LIEST GERADE
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...