''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၃၁ )*****
ဘာလိုလိုနဲ့အချိန်လေးတွေကုန်လာပြီးကျော်ဖြတ်လာလိုက်တာ ခွန်းဆက်ပိုင်ရဲ့စာမေးပွဲဖြေရမဲ့နေ့ရက်လေးရောက်လာလေပြီ။
''သား ခွန်းဆက် ကြိုးစားဖြေနော် စိတ်အေးအေးနဲ့ဖြေကြားလား'' ဒေါ်ဝတ်ရည်ချိုကပြောနေလေသည်။
''ဟုတ်ကဲ့ပါအန်တီ''
''အေးကွာ ဘာမှစိတ်မလောနဲ့ ကြားလားသား'' ဦးစစ်နိုင်ကပါပြောနေလေသည်။
''ဟုတ်ကဲ့ပါ အန်ကယ်လ်သားအကောင်းဆုံးကြိုးစားမှာပါ''
''အေးပေါ့ကွာ ဒါမှယောင်္ကျားကွ''
ထို့နောက်ခွန်းဆက်ပိုင်လည်း ဦးစစ်နိုင်နှင့် ဒေါ်ဝတ်ရည်ချိုတို့ကို နှုတ်ဆက်ခဲ့ပြီး စာမေးပွဲဖြေဖို့ထွက်ခဲ့လေတော့သည်။ ကားမောင်းဖို့ကိုတော့ စစ်သွေးလျှံကပင်တာဝန်ယူခဲ့လေသည်။ ထို့နောက်နှစ်ယောက်သား ကားလေးစီးပြီးထွက်လာခဲ့ကြလေသည်။
''ညီ ခွန်းဆက်''
''ဗျာ ''
''ကြိုးစားဖြေနော် ''
''ဟုတ်ကိုစစ်''
''စိတ်အေးအေးထားပြီးဖြေနော် ''
''ဟုတ်ကဲ့ပါကိုစစ်ရာ''
''အင်းစာမေးပွဲချိန်ပြီးတာနဲ့ကိုလာစောင့်နေမယ်နော် ''
''ဟုတ်''
''ညီကတော်ပြီးသားပါကွာ ဒါပေမဲ့စိတ်ပူနေတာ ကိုယ်စာမေးပွဲဖြေတုန်းကတောင်ကိုယ့်ကိုကိုမပူဘူး ညီ့ကျမှအရမ်းစိတ်ပူနေတာသိလား''
''ဟုတ်လား အဲ့ဒါဘာဖြစ်တာလည်း ''
''ညီ့ကိုသိပ်ချစ်လို့ပေါ့ကွာ''
''ဘာမှလည်းမဆိုင်ဘူး''
''အားကျွတ်.. ဘယ်လိုပြောလိုက်တာလည်း ဘာလို့မဆိုင်ရမှာလည်းကွာ ကိုယ့်ကိုကိုထက်ကို မင်းကိုပိုချစ်လို့လေ ''
''အင်းပါ ထားပါတော့ ''
''ကဲကျောင်းလည်းရောက်ပြီး ပြောထားတာမမေ့နဲ့နော် ''
YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...