''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၃၃ )*****
ခွန်းဆက်ပိုင်တစ်ယောက် ရေမိုးချိုးပြီး နေ့လည်စာစားကာ စစ်သွေးလျှံရဲ့အိပ်ခန်းလေးထဲသို့ ဝင်ရောက်လာခဲ့လေသည်။ ဆေးရှိန်နဲ့အိပ်ပျော်နေသော စစ်သွေးလျှံကိုကြည့်ပြီး သူအရမ်းလည်းဂရုဏာ သက်မိလေသည်။ တကယ်တမ်းဆို စစ်သွေးလျှံကလိမ္မာပြီးသားပါ အသိဥာဏ်လည်းရှိတယ် ဒါပေမဲ့အခုဖြစ်သွားတဲ့ ပြဿနာမှာ ကိုယ့်ချစ်သူကို အခြားသူတစ်ယောက်ကအခုလိုပြုမှုနေတာကို အဘယ်သူကရောလက်ခံနိုင်မှာလည်း မိုးရေစက်ပြုမှုနေပုံတွေက အေးဆေးစွာဖြေရှင်းရမည့်အခြေအနေလည်းမဟုတ်ဘူးလေ ပြီးတော့ စစ်သွေးလျှံကဒေါသတော့ဖြစ်လွယ်တယ် ခွန်းဆက်နဲ့ပက်သက်လာလျှင်ပိုလိုတောင်ဆိုးသေးတာဆိုတော့ သူဒေါသတွေကဆူပွက်ပြီးပေါက်ထွက်လာလေတော့တာပေါ့။
ဒါတွေကို သူနားလည်ပေးနိုင် သူ့ကိုပိုပြီးချစ်တာလည်း သူသိလာရတယ် အခုဘဲကြည့်လေမိဘတွေသိ လျှင် ပြဿနာပိုကြီးမယ် ခွန်းဆက်လည်းနေရတာ သက်သာမှာမဟုတ် သူ့တို့ရှေးရေးလည်းအခက်ကြုံရမှာမို့ ပြဿနာအားလုံးကို သူကြောင့်ပါဆိုပြီး ခံယူခဲ့တာ ဘယ်လောက်တောင်သူ့ဘက်ကရပ်တည်ပေးလဲ ကြည့်ပါတော့ အဲ့တာတွေကြောင့်လည်း သူပိုပြီး စစ်သွေးလျှံကို အားနာရ ပိုပြီးဂရုဏာသက်ရ ပိုပြီးချစ်မိနေရတာ။
နေ့လည်စာစားတဲ့အချိန်မှာတောင် ဒေါ်ဝတ်ရည်ချိုက အခြေအနေမှန်ကိုမသိတော့ သူ့သားကိုတောင်အပြစ်တင်နေသေးတာ အစကအခုလောက်မဆိုးပါဘူး အခုတလောပိုပြီးဆိုးလာကြောင်း၊ ခွန်းဆက်ကိုရောအနိုင်ကျင့်သေးလား၊ သူ့ရန်ဖြစ်ရတာ ခွန်းဆက်ကကြည့်ထိန်းပေးဖို့တွေရော စုံနေတာပါဘဲ ခွန်းဆက်ပိုင်လည်းမနည်းကြည့်ပြီးဖြေပေးနေရတာ အခုလိုဘဲပြဿနာတွေဖြစ်ရင် ဒီအတိုင်းထားလို့မရတော့ဘူး တစ်ခုခုစီစဉ်ရမှာတွေရော စုံနေတာပါဘဲ သူပြန်စဉ်းစားရင်းနှင့် အိပ်ပျော်နေသော စစ်သွေးလျှံရဲ့ဘေးမှာ သူထိုင်ပြီးကြည့်နေမိလေသည်။
အိပ်ပျော်နေသော စစ်သွေးလျှံလေးက သူ့အတွက် ပြည့်စုံနေလေသည်။ အားကိုးစရာ၊လေးစာစရာ၊ အတုယူစရာ၊ချစ်ခင်စရာ အိုဗျာ စုံလို့ပါဘဲ အဲယားကွန်းအခန်းလေးထဲမှာ အေးနေစိုးသောကြောင့် သူစောင်လေးကိုထပ်ခြုံပေးလိုက်လေသည်။ အသံရှုသံတိုးတိုးလေးက သူနှလုံးသားကို ပြင်းထန်စွာ လှုတ်ခပ်နိုးနေသလိုပါဘဲ နှုတ်ခမ်းနားမှာ ထိုးခံထိထားတဲ့ အနာလေးမှာ ယောင်နေလေတော့ သူတစ်ချက်စိတ်မကောင်းဖြစ်မိရပြန်တယ် သူ့စိတ်ထဲကနေပြောလိုက်မိလေသည်။
ВЫ ЧИТАЕТЕ
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Фэнтезиရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...