" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 14 )

214 17 2
                                    

'''ကျွန်တော်ချစ်ရသော ထိုကောင်လေး''

*****အခန်း ( ၁၄ )*****

ခန့်ငြားသွင်နှင့်တည်ငြိမ်ခန့်တို့နှစ်ယောက် Coffee Bar လေးတစ်ခုတွင်စောင့်နေကြလေသည်။ သို့သော်အတူတူစောင့်နေခြင်းတော့မဟုတ် ခန့်ငြားသွင်ရဲ့အစီအစဉ်အတိုင်း တည်ငြိမ်ခန့်က တစ်နေရာကနေစောင့်ကြည့်နေခြင်းပါ။ အခုချိန်ထိတော့ ထိုသူကရောက်မလာသေးပေ နောက်ကျနေတာတော့မဟုတ် သူတို့ကသာအချိန်စောပြီးရောက်နေခြင်းပါ ခန့်ငြားသွင်က Black Coffee တစ်ခွက်ကို မှာထားပြီးသောက်နေလိုက်လေသည်။ နောက်ထပ်ဆယ်မိနစ်ခန့်ကြာတော့ ထိုလူယောက်လာပါလေသည်။

''ကိုယ့်ကိုစောင့်နေတာကြာသွားပြီးလား ညီ ကိုစိုင်းညီညီပါ ''

''မကြာသေးပါဘူး အစ်ကို ကျွန်တော်ခန့်ငြားသွင်ပါ''

''ဟုတ်ဗျ ညီကအပြင်မှာပိုတောင်ချောသေးတယ်နော် ''

''မဟုတ်ပါဘူးဗျာ အစ်ကိုကလည်း စမတ်ကျတာဘဲလေ''

''ဟုတ်လို့လားဗျ ကျေးဇူးပါ ''

''ကဲအစ်ကို ဘာသောက်မှာလည်း ''

''အင်း Americano coffee ဘဲလုပ်ပါ''

''အိုကေ ''ထို့နောက်ခန့်ငြားသွင်က ဝိတ်တာကောင်လေးအားခေါ်လိုက်လေသည်။

''ညီလေး အစ်ကို့တို့ကို Americanno coffee နှင့်Melon Shake နို့မထည့်ဘူးနော် ''

''ဟုတ်ကဲ့အစ်ကို ကျေးဇူးပြု၍ခဏလေးစောင့်ပေးပါ ''

''ဟုတ်ညီ ''

ထို့နောက်ဝိတ်တာကောင်လေးပြန်လည်ထွက်သွားလေသည်။

''ကိုစိုင်းက ဘာလုပ်တာလည်းဟင်'' ခန့်ငြားသွင်ကမေးလိုက်လေသည်။

''ကုမ္ပဏီတစ်ခုမှာပါညီ "

''သြော်အဆင်ပြေလား ''

''သူ့များဝန်ထမ်းဘဝဆိုတော့ဒီလိုပါဘဲညီရာ ''

''အင်းဟုတ်တယ်နော် ''

''ဟုတ်တယ်ညီ ''

''မိသားစုတွေကရော ''

''မိသားစုတွေကနယ်မှာဘဲလေ အကိုကဒီမှာအလုပ်လုပ်ပြီးမိသားစုကိုတစ်ဖက်တစ်လမ်းကူညီနေရတာ ''

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Tempat cerita menjadi hidup. Temukan sekarang