''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း (၂၉ )*****
ခွန်းဆက်ပိုင်တစ်ယောက်ကျောင်းသွားဖို့ရာ ပြင်ဆင်လေတော့သည်။ ရေချိုးအဝတ်အစားလည်းပြီး၍ အောက်ထပ်သို့ဆင်းလာလေတော့သည်။ သူအောက်ထပ်သို့ရောက်တော့ နံနက်စာကအဆင်သင့်ဖြစ်ပြီးနေပြီး မြို့ကြီးမှာနေနေရပေမယ့် ခွန်းဆက်ပိုင်အရမ်းကြိုက်တဲ့နံနက်စာက မုန့်ဟင်းခါးပါ။ သူ့အကြိုက်ကိုသိလို့လည်း ဒေါ်ဝတ်ရည်ချိုက မကြာခဏ ဆိုသလို လုပ်ပေးတက်လေသည်။ ဒီနေ့လည်း မုန့်ဟင်းခါးဆိုတော့ ခွန်းဆက်ပိုင်တစ်ယောက် ဝမ်းသာသွား၍ ပြုံးလိုက်မိလေသည်။
''ကဲသား စားသွားဦး ''ဒေါ်ဝတ်ရည်ချိုကပြောလေသည်။
''ဟုတ်ကဲ့အန်တီ''
ထို့နောက်ခွန်းဆက်ပိုင်က စားပွဲလေးရှိထိုင်ခုံ၌ ဝင်ထိုင်လိုက်စဉ် စစ်သွေးလျှံပါရောက်လာလေတော့သည်။
''မေမေ နံနက်စာကဘာလဲ ''စစ်သွေးလျှံမေးလိုက်လေသည်။
''မုန့်ဟင်းခါးလေ သား ''ဒေါ်ဝတ်ရည်ချိုကပြောလေသည်။
''မေမေတို့များ မျက်နှာလိုက်ချက် အင်းပေါ့လေ မကြာခင် အောင်မြင်တော့မယ့်သားကို အခုကတည်းက အလိုလိုက်နေတာပေါ့'' စစ်သွေးလျှံ ခပ်တည်တည်လေးနဲ့ပြောလိုက်လေသည်။
''အို... မဟုတ်ပါဘူးသားရယ် ခွန်းဆက်လေးက ကျောင်းသွားရမှာမဟုတ်လား''
''အင်းလေ ဘာဖြစ်လို့လည်း''
''သားကကျောင်းမသွားရတော့ အိမ်မှာစားချင်တာစားလို့ရတယ်လေ နံနက်စာကို ကိုယ်နှစ်သက်တာစားရလျှင် တစ်နေ့လုံးစိတ်ကြည်လင်တယ်လေ အာ့ကြောင့်ပါ''
''သြော်ဒါနဲ့ဘဲ မေမေက ခွန်းဆက်အကြိုက်မုန့်ဟင်းခါးချက်တယ်ပေါ့ ''
''သားကလည်းကွယ် ''
''ဘာမှမဖြစ်ပါဘူးဗျာ စားရတာဘဲ ''စစ်သွေးလျှံကပြောလေသည်။ ဦးစစ်နိုင်ကတော့ သားအချိုးကိုသိနေလို့ ဘာမှဝင်မပြောတော့ပေ။ တကယ်တမ်းက စစ်သွေးလျှံက ခွန်းဆက်ပိုင်အား အခုလိုလုပ်ပေးနေခြင်းကို ကျေနပ်နေသူပါ ဒါပေမဲ့ တစ်ခါတစ်လေတော့ သူ့အမေအား ခပ်တည်တည်နဲ့နောက်နေတော့သည်။
YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...