''ကျွန်တော်ချစ်သော ထိုကောင်လေး''
*****အခန်း ( ၂၅ )*****
စစ်သွေးလျှံလည်း ခရီးထွက်သွားလေပြီး ခွန်းဆက်ပိုင်တစ်ယောက်တည်း ကျောင်းသို့ထွက်လာခဲ့လေတော့သည်။ ထုံးစံအတိုင်း ဦးမြသောင်းကကားမောင်းပို့ပေးလေသည်။ ကျောင်းထဲသို့ရောက်တော့ သူငယ်ချင်းဖြစ်သူ သက္ကရာဇ်ဖွားနဲ့တွေ့လေတော့သည်။
''ငါ့ကောင်ကြီး ငြိမ်လှချည်လားကွ ဒီနေ့ ''
''ပုံမှန်ပါဘဲကွာ''
''မဟုတ်ပါဘူး ကြည့်ရတာ အသည်းကွဲနေသလိုလို အထီးကျန်နေသလိုလိုနဲ့ မဟုတ်ဘူးလား''
''မဟုတ်ရပါဘူးကွာ ''
''ဒါမှမဟုတ် ကိုစစ်ကမင်းကိုမချစ်တော့ဘဲ အသစ်ရှာသွားတာလား ''
''မဟုတ်ပါဘူးကွာ ''
''ဒါဆိုလည်းပြီးတာဘဲကွာ လာအတန်းထဲဝင်ကြရအောင် ''
ထို့နောက်နှစ်ယောက်သား စာသင်ခန်းသို့ဝင်ခဲ့လေတော့သည်။သက္ကရာဇ်တစ်ခုသတိထားမိလေသည် ခွန်းဆက်ပိုင်လက်ကလက်ပတ်ကလေး အရမ်းကြီးအလှမဟုတ်ပေမဲ့ ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သင့်တော်လှပနေလေသည်။ ပြီးတော့ ခါတိုင်းလို စကားသိပ်မပြောဘဲ တစ်ခုခုကို အလိုမကျသလိုလို မှုန်ကုပ်ကုပ်နဲ့ နေလေတော့သည်။ ဤသို့ဖြင့်မနက်ပိုင်း စာသင်ချိန်ကုန်ဆုံးလေတော့သည် ထိုအချိန်တွင်နားနေဆောင်သို့ ထွက်လာခိုက် ခွန်းဆက်ပိုင်ရဲ့ဖုန်းကလေးထမြည်လာလေသည်။
''ဟယ်လို ''
''တစ်ဖက်က ဘာပြောနေမှန်းတော့ သက္ကရာဇ်မကြားရပေ သို့သော် ခွန်းဆက်ရဲ့အပြောတွေက ''
''××××××''
''သွားပါ သူ့ဟာသူသွားနေပြီးအခုမှလာပိုပြနေတယ် ''
''×××××××''
''သွားမှာပဲ ဘာဖြစ်လဲ ရအောင်ကိုသွားဦးမှာ ''ထို့နောက်ဖုန်းချသွားလေတော့သည်။
''ဘယ်သူလဲ ''
''ဘယ်သူရှိမှာလဲ ကိုစစ်ပေါ့ ''
''ဟားဟား ငါသိသွားပြီး ခွန်းဆက် ကိုစစ်ကတစ်နေရာရာသွားနေတာ မင်းမပါခဲ့လို့ မင်းကိုစိတ်မချဖြစ်နေတာမဟုတ်လား ပြီးတော့မင်းကလည်း သူခရီးသွားတော့ အထီးကျန်နေသလိုဖြစ်နေတာ ဟားဟား ငါသိပြီးခွန်းဆက် မင်းကိုစစ်ကိုအရမ်းချစ်မိနေပြီး ''
YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...