''ကျွန်တော်ချစ်ရသော ထိုကောင်လေး ''
*****အခန်း ( ၁၁ )*****
''သားရေ သားစစ်သွေး''
''ဗျာမေမေ'' အိမ်အောက်ထပ်မှခေါ်သံကြောင့် စစ်သွေးလျှံပြန်ထူးလိုက်လေသည်။
''အောက်ကိုခဏဆင်းလာခဲ့ဦး ''
''ဟုတ်မေမေ ဆင်းလာပြီး ''
စစ်သွေးလျှံတစ်ယောက်အောက်ထပ်သို့ဆင်းလာလေသည်။
''ဘာများလဲမေမေ''
''နယ်မှာ မင်းဖွားဖွားဆုံးလို့ မေမေတို့ညတွင်းချင်း လိုက်သွားရမယ် အလှူကိစ္စတွေလည်း ရှိတော့ ဆယ်ရက်လောက်ကြာမယ်ထင်တယ် ''
''ဗျာ ဖွားဖွားဆုံးပြီးဟုတ်လား ဘယ်လိုဆုံးတာလဲမေမေ ''
''သြော်လူကြီးလေကွယ် လူကြီးရောဂါနဲ့ဘဲပေါ့ တစ်မိသားစုလုံးကိုခေါ်ပေမဲ့ သားခွန်းဆက်ကျောင်းကိစ္စရှိသေးတယ်မဟုတ်လား အဲ့တာကြောင့် မေမေတို့လူကြီးတွေဘဲလိုက်သွားတော့မယ် သားကခွန်းဆက်လေးနှင့်နေခဲ့ပေးပါကွယ်''
''ဟုတ်ကဲ့မေမေ သားနားလည်ပါပြီး ''
''အေးကွယ် စားဖို့ကမပူပါနဲ့ ခွန်းဆက်လေးက ချက်တက်ပြုတ်တက်တယ်တဲ့ သားအဆင်ပြေမှာ ပါ မေမေ့အခန်းထဲမှာ ပိုက်ဆံထား ထားတယ် လိုအပ်သလောက်ယူသုံးရတယ်နော်သား ''
''ဟုတ်ကဲ့မေမေ ''
''အဲ့တာဆို မေမေတို့ စောစောဘဲသွားမှာ သားဖေဖေကို အလုပ်ကနေဘဲတစ်ခါတည်းခေါ်သွားရမှာ''
''ဟုတ်ဖေဖေ ဖေဖေလည်းစိတ်မကောင်းဖြစ်နေမှာဘဲ သူ့မိခင်ဆိုတော့ ''
''သြော် ကံတရားဘဲပေါ့သားရယ် ဒါနဲ့ ခွန်းဆက်လေးနဲ့လည်း အဆင်ပြေအောင်နေနော်သား ''
''ဟုတ်ကဲ့ပါ စိတ်ချပါမေမေရဲ့ ''
ထို့နောက် ဒေါ်ဝတ်ရည်ချိုလည်း ရေးကြီးသုတ်ပျာပင် ပြောဆိုပြီးထွက်သွားလေသည်။ သြော် ကံတရားက တစ်နေ့တော့ အရာအားလုံးကိုခွဲခွာ သွားပါမှာလားနော် ....
''ခွန်းဆက် ''စစ်သွေးလျှံခေါ်လိုက်လေသည်။
''ဗျာ ကိုစစ် ''
YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...