''ကျွန်တော်ချစ်ရသော ထိုကောင်လေး ''
****အခန်း ( ၄ ) ****
မြတ်သူကျော်တို့အဖွဲ့ ဒီနေ့ကျောင်းထဲမှာ အဖွဲ့ကျနေလေသည်။ အဖွဲ့ကလည်းမကျစရာလား မြတ်သူကျော်တို့ အင်္ဂလိပ်စာဌာနနောက်ဆုံးနှစ်ကျောင်းသား များစုပေါင်းပြီးလုပ်တဲ့ နှုတ်ဆက်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲလေးလုပ်နေကြတာဆိုတော့ အင်္ဂလိပ်စာဌာနရဲ့ လူတိုင်းလိုလို အားကြိုးမာန်တက် လှုပ်ရှားနေကြသည်။ မကြာခင်မှာ ခွဲခွာရတော့မယ် သူငယ်ချင်းတွေအတွက် စိတ်မကောင်းဖြစ်နေကြရသော သူများနှင့် အခုမှ တက်သစ်စ အဖူးအညွန့်လေးတွေကို ရင်ခုန်စွာ စောင့်စားနေကြသူများ၊ ဘာပွဲတိုင်း လိုလိုအမြဲပျော်နေကြသော ပွဲတိုင်းပျော်သူများလည်း ရှိကြပြန်ပေသည်။ ဘာရယ်မဟုတ် အစဉ်လာရှိနေလို့သာ တက်ရောက်ကြတဲ့ ကျောင်းသားလည်းရှိပါတယ်။ ကျောင်းသားကျောင်းသူများ၊ဌာနဆိုင်ရာက လူကြီးများ၊ဆရာဆရာမများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စုံလင်စွာနင့် ရောက်ရှိနေကြပါပြီး။ ပွဲကမစသေးတော့ သူတို့အဖွဲ့လည်း တစ်ယောက်ကို တစ်ယောက်စနောက် နေကြလေသည်။
''ဟျောင့် ခန့်ငြား''
''ပြော ဘုန်းလရောင်''
''ဒီနေ့ပွဲ လူစည်တော့ မင်းအတွက်ဂွင်ဘဲ ''
''ဘာဆိုင်လို့လည်းကွ''
''ဟုတ်တယ်လေ မင်းသူငယ်ထောင်လို့ရတာပေါ့''
''သြော် အေးပေါ့ငါတစ်ယောက်တည်းပေါ့ ပြောပါဦး ငယ်ငယ်ရွယ်ရွယ်လေး ခပ်ပျော့ပျော့လေးတွေတွေ့ လျှင်မနေနိုင်တဲ့အကြောင်းလေးတွေ ကိုတီကြီးတွေရယ် ''
''ဟားဟား အဲ့တာတော့ဟုတ်တယ်'' တည်ငြိမ်ခန့်ကဝင်ပြောလေသည်။
''အေးကွ ငါတောင် သူငယ်ချင်းဖြစ်နေလို့ နောက်ဆိုအလွတ်ပေးမှာမဟုတ်ဘူး'' ခန့်ငြားသွင်က ပြောလေသည်။
''မင်းကများပြောရတယ်ရှိသေး တည်ငြိမ်ရာ နာမည်ကသာ တည်ငြိမ်တာ လူကတော့ ဘာလာလာဒေါင်း ''
မြတ်သူကျော်ကပြောလေတော့သည်။''မင်းတို့သူငယ်ချင်းဘဲကွာ ဒီလောက်တော့ရှိမှာပေါ့ ပြီးတော့ငါကမင်းတို့လို တစ်လိုင်းမောင်းမဟုတ်ပြီးလေ ''
ESTÁS LEYENDO
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasíaရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...