''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၂၇ )*****
မြတ်သူကျော်တို့အုပ်စုလေး ထုံးစံအတိုင်း လူစုံနေကြပါပြီး သို့ပေမဲ့ အရင်လို အုပ်စုဖွဲ့ပြီး သောက်စားပျော်ပါးဖို့မဟုတ်တော့ အလုပ်အကြောင်းဆွေးနွေးကြဖို့ ဖြစ်ပေသည်။
''ငါတော့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ တွေ့တာနဲ့ ခွန်းဆက်ပိုင်ကို တစ်ခါတည်းတန်းပြောလိုက်တာ'' ဘုန်းလရောင်ကပြောလေသည်။''ဘာလဲရည်းစားစကားလား ''တည်ငြိမ်ခန့်က ပြောလေသည်။
''ငနွား ငါကောင်းကောင်းပြောနေလျှင်ဖောက်လာပြီး ငါကပြောစရာလား အလုပ်ကိစ္စပြောတာပါ''
''အေးပါကွာ မသိပါဘူး အစာပြတ်လတ်နေတာဆိုတော့ အစာပါတစ်ခါတည်းရှာတာထင်နေတာ ''
''အေးအေး အစာရှားစားမှတော့ မင်းပဲစားတော့မှာ''
''ဘုရားဘုရား စားမကောင်းတဲ့အသီးတွေ မလုပ်ပါနဲ့ဗျ ''
''ဟားဟား တော်ပါတော့ကွာ ဒါနဲ့ ခွန်းဆက်ကဘာပြန်ပြောခဲ့လဲ့ ''မြတ်သူကျော်ကမေးလေသည်။
''ဒီတစ်ရက်နှစ်ရက်အတွင်း အကြောင်းပြန်လာမယ်တဲ့ ''ဘုန်းလရောင်က ပြန်ဖြေလေသည်။
''ဟို ဖက်ရှင်ဆိုင်အတွက် ဘန်ကောက်ကရော ဘာပြောသေးလဲ အဝတ်အစားတွေ မှာထားတဲ့ကိစ္စ'' ဘုန်းလရောင်ကမေးလေသည်။
''ဒီအပတ်စနေရောက်မယ်တဲ့'' မြတ်သူကျော်ကမေးလေသည်။
''အရောင်းဝန်ထမ်းတွေရော ''
''ကျွန်တော်မျိုးရှာထားပြီးပြီးဗျ ''ခန့်ငြားသွင်ကပြောလေသည်။
''အင်္ဂလိပ်စကားရော အသင့်အတင့်ရတယ်မဟုတ်လား ''
''ရပါတယ်ကွာ ငါကိုယ်တိုင်စစ်ဆေးထားတာ''
''သူတို့ကရော လစာဘယ်လောက်တောင်းထားလဲ''
''Start ကို အဲ့လောက် ××××× တစ်ပတ်တစ်ခါနား စနေတနင်္ဂနွေတော့နားမရဘူး အရေးကြီးကိစ္စရှိလျှင်တော့ အကျိုးအကြောင်းပြောပေါ့ ''
''မဆိုးဘူးကွ တော်သားဘဲ ''ဘုန်းလရောင်ကပြောလေသည်။
''Coffee Brand တွေနှင့် လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ သောကြာနေ့ငါသွားယူရမယ် အဲ့အပိုင်းကိုတာဝန်ယူမဲ့သူကလည်း ငါ့အသိမိတ်ဆွေဘဲ စိတ်ချရတယ် ''Johnny ကပြောလေသည်။
CZYTASZ
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...