''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
******အခန်း (၁၇ )******
စစ်သွေးလျှံတစ်ယောက်ညကသောက်တာများသွားသောကြောင့် ခေါင်းကိုက်နေလေသည်။ ညကအပြန်မှာ မာန်မဟာကပြန်လိုက်ပို့ပေးသောကြောင့် ဖေဖေမေမေတို့က အပြင်လူရှိနေသေးတဲ့အတွက်ရော၊ သူကလည်းမူးနေတာရောအတွက်ကြောင့် ဘာမှမပြောတော့ဘဲ သူ့ကိုအခန်းဝင်ကာနားစေခဲ့လေသည်။
ဒါပေမဲ့သူသိနေလေတယ် ဒီနေ့တော့သူ့ကို အကြီးအကျယ်ဆူကြတော့မည်ဆိုတာ လောလောဆယ်တော့သူခေါင်းကိုက်နေလေသည်။ နာရီကြည့်လိုက်တော့မနက်ကိုးနာရီတောင်ရှိနေပြီး။ အိုရ်..သူတော်တော်ကိုအိပ်ခဲ့တာပဲ သူထကြည့်တော့မရသေး ပြန်ပြုတ်ကျလေသည်။ ထိုစဉ်အခန်းထဲသို့ ဗန်းကလေးနဲ့ တစ်ခုခုကိုဖျော်ထားဟန်ရသည့် ဖျောရည်တစ်မျိုးဖြင့် ဝင်လာသူက ခွန်းဆက်ပိုင် ...
''ကိုစစ်နိုးနေပြီးလား ''
''အေးကွ အခုကခေါင်းကိုက်နေတယ် ''
''ဟုတ် သိနေတယ်အာ့ကြောင့် ပျားရည်နဲ့သံပုရာရောပြီး ဖျော်ရတယ် သောက်လိုက် ခဏလေးနေလျှင်ခေါင်းလောင်းချိုးလိုက်လန်းသွားလိမ့်မယ် ''
''အေးပါ ကျေးဇူး ထားခဲ့လိုက်''
''သေချာသောက်နော်''
''အေးပါကွ ''
''ဟုတ်ကျွန်တော်သွားလိုက်ဦးမယ်''
''နေဦး ဒါနဲ့ဖေဖေတို့မေမေတို့ရော''
''သြော် အဆင်သင့်စောင်ေ့နတယ် အောက်ထပ်မှာ ကိုစစ်ကိုဆုံးမတော့မလိုတဲ့ "
''ငင့် အဲ့လိုကြီးလား ဒါဆိုမရဘူး ဆက်ဖျားချင်ဟန်ဆောင်နေမှ''
''မရတော့ဘူးကိုစစ်''
''ဘာလို့ ''
''နောက်ထပ်နာရီဝက်မှဆင်းမလာလျှင်အခန်းထဲထိလာဆူမှာလို့လည်း မှာလိုက်သေးတယ် ဖေဖေကိုယ်တိုင်လာမှာတဲ့''
''မြတ်စွာဘုရား မသိလျှင်ငါ့ကိုအပြစ်သားတွေ သတ်ဖြတ်တော့မယ့်တဲ့အတိုင်းဘဲ''
''နောက်မဟုတ်လို့လားကိုစစ်က ''
''ဘာပြောတယ် နေပါဦးမင်းကပါဘာလို့လာပြောနေတာလည်း ''
DU LIEST GERADE
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...