''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၁၆ )*****
မာန်မဟာတစ်ယောက် ကော်ဖီဆိုင်လေးကိုမရောက်တာတောင်ကြာခဲ့လေပြီး အခြားသောကိစ္စလေးတွေနဲ့ရှုပ်ထွေးနေတာလည်းပါတာပေါ့ ပြီးတော့စစ်သွေးလျှံနှင့်လည်း မတွေ့ရတာတော်တော်ကြာနေပြီးဆိုတော့ တွေ့နေကျဆိုင်ကလေးမှာ ပြန်ချိန်းထားလေသည်။ အချိန်ကလည်းညခုနှစ်နာရီကျော်နေပြီး မာန် မဟာကစောပြီးရောက်နေတာပါ ဆိုင်အပြင်လေးကိုခေါင်းမော့ကြည့်လိုက် ဖုန်းလေးကိုပွတ်လိုက်နှင့် အကြောင်းရာတွေကိုစဉ်းစားလိုက်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေလေသည်။ နောက်ထပ်ဆယ့်ငါးမိနစ်ခန့်ကြာတော့ စစ်သွေးလျှံရောက်လာလေသည်။
''ကိုမာန်ရောက်နေတာကြာပြီးလား ''
''အင်း သိပ်တော့မကြာသေးပါဘူး''
''ဘာမှာထားပြီးပြီးလဲ''
''မမှာရသေးဘူး ညီရောဘာသောက်မှာလည်း ''
''ငှက်ပျော်သီးရှိုတ်ဘဲမှာလိုက်တော့မယ် ကိုမာန်ကရော''
''စတော်ဘယ်ရီဖျော်ရည်ဘဲမှာလိုက်တော့မယ်''
''အိုကေလေ''
ထို့နောက်ဝိတ်တာကောင်လေးအားမှာလိုက်လေသည်။
''ညီရာ နေနိုင်လိုက်တာ ကိုယ့်ဆီစာမလာသတင်းမကြားနဲ့ ဘာတွေလုပ်နေတာလည်း ''
''ကျောင်းစာတွေနဲ့ဘဲ အလုပ်ရှုပ်နေတာပါ စာမေးပွဲလည်းနီးလာပြီးလေ အာ့ကြောင့်ပါ ပြီးတော့အရင်တုန်းကလိုအပြင်လည်းမထွက်ချင်တော့လို့ ''
''သြော်ညီရာ ဒါပေမဲ့ ကိုယ့်ဆီတော့ စာလေးလောက်တော့ပို့လိုရပါတယ်ကွာ ''
''အဲ့လိုမဟုတ်ပါဘူး အွန်လိုင်းတောင်မတက်ဖြစ်တာ ကိုမာန်ရ ''
''အေးပါကွာ ထားလိုက်ပါတော့ ''
ထိုစဉ်မှာထားသော ဖျော်ရည်များလာပို့ပေးလေသည်။
''နေပါဦး ညီ့မှာချစ်ရမဲ့ချစ်သူများရှိနေလို့ ကိုယ့်ဘက်ကိုအချိန်မပေးနိုင်တာလား ''
''မဟုတ်ပါဘူးကိုမာန်ရာ''
''အာ့ဆို အရင်နေ့တွေပစ်ထားတဲ့အတွက် ကိုယ့်ကိုဒီညအချိန်ပြန်ပေးရမယ် ''
KAMU SEDANG MEMBACA
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasiရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...