" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 41 - Final part )

1.1K 30 23
                                    

''ကျွန်တော်ချစ်ရသော ထိုကောင်လေး ''

          *****အခန်း ( ၄၁ )*****

          ******ဇာတ်သိမ်းပိုင်း*****

''ညီ ကို့မေမေကိုအသည်းအစားထိုးကုသပေးဖို့ အလှူရှင်ပေါ်လာပြီး''

''ဟုတ်လားကို ညီဝမ်းသာပါတယ်''

''ဟုတ်တယ် ညီရာ ကို့မေမေပြန်နေကောင်းတော့မှာ''

''ကိုအရမ်းပျော်နေတဲ့ပုံဘဲနော်''

''ပျော်တာပေါ့ညီရာ ''

''အင်းပါ ဘာဘဲဖြစ်ဖြစ် ကိုကိုဂရုစိုက်ပေးပါ အန်တီချိုကို သူအနားမှာအားပေးပါသူစိတ်ဓာတ်ခွန်အားတွေရအောင်''

''အေးပါ ညီလည်းကျန်းမာရေးဂရုစိုက်နော်မေမေနေပြန်ကောင်းလျှင်ကိုလေညီဆီလာတွေ့ပါမယ်''

''အင်းပါ ''

ထို့နောက်ဖုန်းချသွားလေသည်။

      ဒီနေ့လေးမှာတော့စစ်သွေးလျှံတစ်ယောက်အလုပ်ရှုပ်နေလေသည်။ ဟုတ်ပါသည် မိခင်ဖြစ်သူဒီနေ့ခွဲစိတ်ခန်းဝင်မှာပါ အရေးထဲမှာ ခွန်းဆက်ဆီကိုလည်းဖုန်းကခေါ်လို့မရပါဘူး စက်ပိတ်ထားနေလေသည်။ ထို့နောက်ဆရာဝန်ကြီးက အားလုံး အဆင့်သင့်ဖြစ်ပြီး ဆိုသောကြောင့် ဦးစစ်နိုင်ကာ လက်မှတ်ထိုးပေးတော့လေသည်။ ထို့နောက် ခွဲစိတ်ခန်းသို့ဝင်လေတော့သည်။

''ဖေဖေ မေမေအဆင်ပြေမှာပါနော်''

''ပြေမှာပါသားရာ အရမျးကွီးမစိုးရိမျနနေဲေ့နာျ ဘုရားသခင်ကောင်းချီးပေးမှာပါ ဘုရားသခင်မှာသာဆုတောင်းပေးပါ''

''ဟုတ်ကဲ့ပါဖေဖေ''

       ထို့နောက် တစ်နာရီကျော်ခန့်ကြာသောအခါမှာတော့ ခွဲစိတ်ခန်းကဆရာဝန်ထွက်လာပါသည်။

''ဒေါက်တာ ကျွန်တော့်မေမေအခြေအနေ''

''ခွဲစိတ်မှု အောင်မြင်ပါတယ်''

''ဟာ ဝမ်းသာလိုက်တာ ဒေါက်တာရယ်''

''မကြာခင်အချိန်မှာတော့ လူနာကိုတွေ့ရမှာပါ ''

''ဖေဖေ မေမေခွဲစိတ်တာအောင်မြင်တယ်တဲ့'' စစ်သွေးလျှံရဲ့မျက်ရည်များစီးကျလာလေသည်။ သေမင်းလက်ထဲမှ မိခင်ကိုပြန်လုနိုင်ခဲ့ပေပြီး။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Sep 17, 2021 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Dove le storie prendono vita. Scoprilo ora