''ကျွန်တော်ချစ်ရသော ထိုကောင်လေး ''
***အခန်း ( ၅ ) ***''သား မေမေသားကိုပြောစရာရှိတယ် ''မိခင်ဖြစ်သူ ဒေါ်ဝတ်ရည်ချိုကပြောလေသည်။
''ဟုတ်မေမေပြောလေ ''
''အေးကွယ် မေမေတို့ရဲ့တစ်ချိန်တုန်းက သူငယ်ချင်းလေ ကျေးဇူးရှိခဲ့ဖူးတယ်ဆိုလည်း မမှားဘူးသား ''
''ဟုတ်မေမေ ''
''အေးအခုသူက အဆင်မပြေရှာဘူးသားရယ် ပြီးတော့လည်း သူ့သားလေးက ပညာရေးတော်ရှာတယ် အခုသူကမေမေတို့ကို အကူအညီတောင်းနေရှာတယ် တစ်ချိန်ကသူတို့မေမေတို့အပေါ်များကြီးကောင်းခဲ့တာ အဲ့တော့သားဖေဖေကလည်း အကူအညီပြန်ပေးဖို့သဘောတူထားတယ် ဒီလာမည့်သောကြာနေ့ည မေမေတို့အိမ်ကိုရောက်လာမယ် မေမေတို့အိမ်မှာနေမယ် ကျောင်းပြီးတဲ့အထိ မေမေတို့ကတာဝန်ယူပေးရမယ် ''
''သူကဘယ်သူလည်း မေမေ ''
''မေမေမိတ်ဆွေ ဒေါ်ခင်မာချိုရဲ့သား မောင်ခွန်းဆက်ပိုင်ဘဲသား သားထက်တော့ နှစ်နှစ်လောက်ငယ်မယ် သူက အင်ဂျင်နီယာကျောင်းတက်မှာလေ အဲ့တာ သားကသူ့ကို ညီလေးတစ်ယောက်လိုသဘောထားပြီး အစစအရာရာ ကူညီပေးပါ မေမေတို့အပေါ်မှာ ဆိုးသလိုသူ့အပေါ်မှာတော့မဆိုးရဘူးနော် သားကသူ့ထက်ကြီးတယ် အကိုလိုမျိုးနေရမှာ ''
''ဟုတ်ပါပြီး မေမေရယ် မသိလျှင် သားကဘဲ လူဆိုးကြီးကျနေတာဘဲ ''
''အခုမဆိုးပေမယ့်နောက်ဆိုးလာမှာစိုးလို့ပါ ပြီးတော့လည်း သားတို့ကယောင်္ကျားချင်းဆိုတော့ ပေါင်းသင်းရလည်း လွယ်မှာပါ ''
''ဟုတ်ကဲ့ပါ မေမေ ''
''အေးကွယ် မေမေ့သားကလိမ္မာပါတယ် မေမေတို့က သောကြာနေ့ညနေသွားကြိုမှာ ကားဂိတ်မှာ သားကတော့ ကျောင်းရှိတယ်ဆိုတော့ မလိုက်နဲ့တော့ အိမ်ရောက်လာမှဘဲ မိတ်ဆက်ပေးတာပေါ့ ''
''ဟုတ်ကဲ့မေမေ ''
''အေးအေး အဲ့တာဆိုဒါပါဘဲကွယ် သားလည်းနားလိုက်ဦး ''
''သားအပြင်ခဏသွားဦးမှာမေမေ နေခြည်သွေးတို့နှင့် ချိန်းထားတာလေးရှိလို့ ''
YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...