''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
******အခန်း ( ၃၆ )******
''ညီ ...''ကားမောင်းရင်း စစ်သွေးလျှံက ပြောလိုက်သည်။
''ဗျာ ....ဗျ''
''ဒီနေ့လေ ကိုယ့်စိတ်ထဲမှာ တစ်ခုခုထူးဆန်းနေသလိုဘဲ ညီ့ကိုကြည့်ရတာ''
''ဘာတွေထူးဆန်းနေလို့လည်း ကိုရာ ပုံမှန်ဘဲ''
''အင်းပါ ရုပ်ရှင်ရုံရောက်တော့မယ် ဘာတွေဝယ်ဦးမှာလည်း ခုံလက်မှတ်ကရော ဘယ်လိုဝယ်ပေးရမှာလည်း ''
''အချိုရည်လေးနဲ့ ပြောင်းဖူးပေါက်ပေါက်အချိုမဟုတ်တာဆိုရပြီးလေ''
''ညီကအချိုကြိုက်တာမဟုတ်လား''
''ကိုကမကြိုက်ဖူးလေ''
''ချစ်ဖို့ကောင်းတာ''
''ဟုတ်''
''လက်မှတ်ကရော''
''VIP ပေါ့ ဘယ်သူမှကို့အနားမှာထိုင်တာ မကြိုက်ပါဘူး ''
''ဟုတ်ပါပြီးကွာ''
ထို့နောက် ကားလေးကိုမောင်းရင်း စကားလေးပြောရင်းနဲ့ရုပ်ရှင်ရုံလေးသို့ ရောက်လာခဲ့လေတော့သည်။ ထို့နောက်လက်မှတ်ဖြတ် စားချင်တာလေးတွေဝယ် ပြီးရုပ်ရှင်ရုံထဲသို့ဝင်လာလေတော့သည်။ ရုပ်ရှင်ဇာတ်ကားလေးမှာ တိုက်ဆိုင်သည်အလားဟုပင်ထင်ရလေသည် ချစ်သူနှစ်ယောက်ကိုမိ ဘတွေကအကြောင်းတစ်ခုခုကြောင့် သဘောမတူတဲ့ဇာတ်လမ်းလေးပါ ခွန်းဆက်ပိုင်တစ်ယောက် စစ်သွေးလျှံရဲ့ရင်ခွင်ထဲဝင်ထားလေသည်။ ခွန်းဆက်ပိုင်ကိုလည်း စစ်သွေးလျှံက နူးညံ့စွာနဲ့ဖက်ထားလေသည်။ လက်လေးတစ်ဖက်ကလည်း မေးစေ့လေးကို ပွတ်သပ်ပေးနေရင်း ခွန်းဆက်ပိုင်စီမှကျလာသော မျက်ရည်လေးက သူ့ရဲ့လက်ကိုလာထိတော့ ...
''ညီ ငိုနေတာလား '' ဟုဆိုပြီး မျက်နှာလေးကို ဆွဲယူကာ သူငုံ့ကြည့်လိုက်လေသည်။
''ဇာတ်ကားလေးက ဝမ်းနည်းစရာကောင်းလွန်းလို့ပါ ''
''ညီကလည်းကွာ အဲ့တာဇာတ်ကားဘဲ အပြင်မှာမဟုတ်ဘူးလေ စာရေးဆရာက သူ့ဟာသူ ဖီးလ်ထည့်ပြီးရေးထားတာလေကွာ ယောင်္ကျားလေးဘဲ ဒီလောက်နဲ့ငိုရလား''
YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...