''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
******အခန်း ( ၁၈ )******
ညနေလေးနာရီကျော်နေပြီး ခွန်းဆက်ပိုင်အိမ်ပြန်ရောက်တော့ ခြံထဲမှာအခြေအနေကြည့်တော့ ဘယ်သူမှမရှိသေးပေ ထို့ကြောင့်လည်းခွန်းဆက်ပိုင်တစ်ယောက် အိမ်ပေါ်သို့တက်ကာ နောက်ဖေးဆောင်သို့ တန်းဝင်သွားလေသည်။ နောက်ဖေးဆောင်တွင် ဒေါ်ဝတ်ရည်ချိုတစ်ယောက်ချက်ပြုတ်နေလေသည်။
''အန်တီချို ကျွန်တော်ပြန်ရောက်ပြီး''
''အေးအေး '' ဟုဆိုပြီး ခွန်းဆက်ပိုင်ဘက်သို့လှည့်လိုက်လေရာ အံအားသင့်စွာဖြင့် ..
''အိုး ဘုရားရေ ငါ့သားငယ်လေးက ချောမောနေလို့ပါလား ငါ့သားကပြင်ဆင်လိုက်လျှင် အခုလိုချောမှန်းသိလျှင်အစကတည်းက လုပ်ပေးပါတယ် ''
ခွန်းဆက်ပိုင်လည်း မျက်နှာကြီးကနီးရဲပြီး ရှက်နေကာ ဖြစ်ကြောင်းစုံလင်ကို ပြောပြလေတော့သည်။
''သြော်ငါ့သားလေးက သူတို့ပြောတာလည်း ဟုတ်တာဘဲ အင်ဂျင်နီယာကျောင်းသားလေးက ဖုန်းလေးတော့ရှိသင့်တယ် ပြီးတော့ အင်တာနက်တွေလည်းသုံးရမှာဆိုတော့ ဟုတ်တယ် အန်တီစီစဉ်ပေးရမယ်''
''မဟုတ်တာရပါတယ်အန်တီရာ''
''ကဲသားလုပ်စရာသွားလုပ်တော့''
''ဟုတ်ကဲ့ဒါနဲ့ကိုစစ်ရော''
''သူ့သူငယ်ချင်းတွေဖုန်းဆက်ခေါ်လို့ ထွက်သွားတယ်သား ''
''သြော်ဟုတ်ကဲ့ ဒါဆိုသားအပေါ်တက်တော့မယ်''
''အေးအေး''ထို့နောက်ခွန်းဆက်ပိုင်လည်း အခန်းသို့တက်လာပြီး ဒီနေ့ဖြစ်ခဲ့သမျှတို့ကိုပြန်စဉ်းစားလေတော့သည်။ ထို့နောက်ရေမိုးချိုးကာ လန်းဆန်းသွားတော့မှ ကျောင်းစာကလည်းရနေတော့ အခြားဗဟုသုတရစေသော စာပေများကိုရှာဖွေဖတ်လေတော့သည်။
စစ်သွေးလျှံတစ်ယောက် သူငယ်ချင်းဖြစ်သူ နေခြည်သွေးနှင့်ဖြိုးယံကျော်တို့ခေါ်နေသောကြောင့် ဆုံနေသော ကော်ဖီဆိုင်လေးသို့ထွက်လာခဲ့လေသည်။ ထုံးစံအတိုင်း သူငယ်ချင်းနှစ်ယောက်ကရောက်နေပြီး သူကတော့ နောက်ကျနေမြဲပါဘဲ။
''ကဲကိုယ်တော်ကြွလာသေးတယ်နော်'' နေခြည်သွေးကပြောလေသည်။
ŞİMDİ OKUDUĞUN
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantastikရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...