" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 32 )

169 12 2
                                    

''ကျွန်တော်ချစ်ရသော ထိုကောင်လေး''

             *****အခန်း ( ၃၂ )*****

        ခွန်းဆက်ပိုင်ရဲ့စာမေးပွဲဖြေတဲ့နေ့နောက်ဆုံးရက်သို့ ရောက်လာခဲ့လေပြီး ထုံးစံအတိုင်းပင်စစ်သွေးလျှံက လိုက်ပို့ပေးလေသည်။

''ညီဒီနေ့နောက်ဆုံးနေ့ဘဲနော် ကြိုးစားဖြေနော် စာမေးပွဲချိန်ပြီးတာနဲ့ ကိုယ်စောင့်နေမယ်သိလား''

''ဟုတ်ကဲ့ ဖြေပြီးတာနဲ့ ကိုကို့ဆီတန်းလာနော်''

''ဟိုလေ သက္ကရာဇ် ကခေါ်ထားသေးတယ် ကိုကို ''

''ဘာလုပ်မလို့လည်းသူက ''

''ဟိုလေ စာမေးပွဲပြီးပြီးဆိုတော့ သူအိမ်မှာ ပျော်ပွဲစား လုပ်စားမလို့တဲ့ သူမေမေကတကူးတကခေါ်ထားတာ ''

''အင်းလေအဲ့တာဆိုလည်း ကိုယ်လိုက်ပို့ပေးမယ်''

''ဟုတ် ''

''ကဲအဲ့တာဆိုသွားတော့''

''ဟုတ် ''

        ထို့နောက်ခွန်းဆက်ပိုင်တစ်ယောက် စာမေးပွဲဖြေရန် ကျောင်းဝင်းထဲသို့ဝင်သွားလေတော့သည်။ ဒီနေ့မှာကျတော့ သူအခြားနေရာသို့မသွားတော့ပေ စိတ်ထဲမှာ ခွန်းဆက်ကိုစိတ်မချဖြစ်နေပေသည်။ ဒါကြောင့်လည်း အခြားနေရာကိုမသွား ဘဲ ကျောင်းဝင်းအပြင်မှာသူစောင့်နေခြင်းပါ။ သူ့လိုပင်အခြားသော သူများလည်း စောင့်နေကြလေသည် များများစားစားတော့မဟုတ်ပါ စိုးရိမ်မှုလွန်ကဲကြသောသူ့လိုလူတွေဘဲဖြစ်မည်ဟု သူ့စိတ်ထဲကနေလည်း ပြောမိနေသေးသည်။ သူ့လက်ပတ်နာရီလေးကိုကြည့်တော့ ဆယ်နှစ်နာရီပင်ထိုးတော့မယ် ဒါကြောင့် သူထိုင်နေတဲ့ထိုင်ခုံလေးနေရာကနေ ကျောင်းဝင်းဘက်သို့ ထွက်လာခဲ့လေသည်။ ခဏလေးနေတော့ ကျောင်းဝန်းထဲမှ ကျောင်းသူကျောင်းသားများ အစုလိုက်အပြုံလိုက်ထွက်လာကြလေတော့သည်။ သူတို့လေးတွေမျက်နာမှာ အပြုံးကိုယ်စီတွေနဲ့ပါ ကြည့်ရတာ ဖြေနိုင်ကြတယ်ထင်တယ် စစ်သွေးလျှံလည်း ခွန်းဆက်ပိုင်ကို စောင့်ကြိုနေလေရဲ့ ... အချိန်ကမိနစ်နှစ်ခန့်ကြာလေပြီး ခွန်းဆက်ပိုင်တစ်ယောက်ထွက်မလာသေးပေ သူ့စိတ်တွေပူလာလေပြီး ဘာလို့ဒီလောက်ကြာနေတာလည်းကွာ.. သူစိတ်တွေတော်တော်လေးကို စိုးရိမ်လာလေသည်။ သူအပြင်မှာမစောင့်ဘဲ ကျောင်းဝင်းထဲသို့ဝင်တော့မည်အလုပ် ..

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Where stories live. Discover now