''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၂၁ )*****
မြတ်သူကျော်၊ဘုန်းလရောင်၊တည်ငြိမ်ခန့်တို့သည် Johnny နှင့်အတူတူ River Side လေးမှာ လေးယောက်သား ပျော်ရွှင်စွာ သောက်စား၍သီချင်းဆိုနေကြလေသည်။ River Side လေးဆိုသည်မှာက မြစ်ရဲ့ဘေးကမ်းလေးသောင်ပြင်မှာ မည်သူမဆို လာရောက်ကာ အနားယူလို့ရသောနေရာလေးပါ ထိုနေရာလေးသို့မရောက်ခင်မှာတော့ စားသောက်ဆိုင်လေးတွေကရှိပါသေးသည်။ ထိုဆိုင်ကလေးမှ အစားသောက်များကိုယူကာ ထိုသောင်ပြင်လေးမှာလာရောက်လေညင်းခံကြခြင်း၊အပန်းဖြေခြင်း၊အညောင်းအညာလမ်းလျှောက်ထွက်ခြင်းနှင့် ညဘက်တွေမှာ လူငယ်တွေအုပ်စုနှင့်သော်လည်းကောင်း၊မိသားစုလိုက်သော်လည်းကောင်း၊ လာရောက်အပန်းဖြေကြလေသည်။ အခုလည်း မြတ်သူကျော်တို့အဖွဲ့က ပါတီမှအပြန် Johnny ရဲ့ဦးဆောင်မှုဖြင့် သူတို့ရောက်လာကြလေသည်။
''မင်းအရမ်းတော်တယ်နေရာရှာတာ ငါဒီလိုနေရာမျိုးတွေမှာ မွန်းကြပ်နေတဲ့ငါ့ရဲ့စိတ်ကို ဖြေဖျောက်ချင်နေတာ Johnny ရ ''တည်ငြိမ်ခန့်ကပြောလေသည်။
''ဟုတ်လား မင်းကဘာတွေမွန်းကြပ်စရာရှိလို့လည်း တည်ငြိမ်ရာ မင်းတို့လိုပြီးပြည့်စုံနေတဲ့သူတွေက မွန်းကြပ်စရာရှိလို့လား ''
''ဟားဟား Johnny ဒီတစ်ခါတော့မင်းမှားသွားပြီး ငါကမင်းထင်သလို ပြည့်စုံတဲ့လူမဟုတ်ဘူးကွ ဒီကကောင်တွေရဲ့ကောင်းမှုကြောင့်ငါအရောင်ထွက်နေတာပါကွာ''
''မင်းကလည်းအားနေဒါပဲပြောနေတာဘဲကွာ'' ဘုန်းလရောင်ကပြောလေသည်။
''ဟုတ်တယ်မင်းကလည်းငါတို့လိုစိတ်တူကိုယ်တူသူကယ်ချင်းတွေမှာဒါတွေလိုလို့လားကွာ ''မြတ်သူကျော်ကပြောလေသည်။
''မင်းတို့ကိုအဲ့လိုသဘောနဲ့မဟုတ်ဘူးလေကွာ မင်းတို့နဲ့ကတော့အဆင်ပြေပါတယ် ဒါပေမဲ့မိသားစု ကရှိသေးတယ်လေကွာ အာ့ကြောင့်ပါငါအလုပ်လိုချင်နေပြီးကွ'' တည်ငြိမ်ခန့်ကပြောလေသည်။
''မင်းကလည်း နောက်လဆိုကျောင်းပြီးပြီ အဲ့ခါကျလျှင်ငါတို့တွေ စပ်တူလုပ်ကြမယ်လို့ပြောထားပြီးပြီလေကွာ ''မြတ်သူကျော်ကပြောလေသည်။ သူတို့တွေရဲ့အပြောကို Johnny ကဘာမှပြန်မပြောဘဲ နားထောင်နေလေသည်။
KAMU SEDANG MEMBACA
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasiရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...