" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 24 )

204 9 2
                                    

''ကျွန်တော်ချစ်သော ထိုကောင်လေး ''

              *****အခန်း  ( ၂၄ )*****

         တက္ကသိုလ်ကျောင်းသားတွေစာမေးပွဲကြီးဖြေနေကြပါပြီး ဒီနေ့ကနောက်ဆုံးနေ့လည်းဖြစ်ပါတယ် နောက်ဆုံးနှစ်ကျောင်းသားလေးတွေဖြစ်ကြသော မြတ်သူကျော်၊ဘုန်းလရောင်၊ခန့်ငြားသွင်နှင့်တည်ငြိမ်ခန့်တို့သည်လည်း စာမေးပွဲခန်းမှထွက်လာကြလေပြီး။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးရွှင်သောအနေအထားနဲ့ပါ ထိုနောက်ကျောင်းသားလေးတွေလည်း သူပြီးငါ့အလှည့်အဖြေလွှာလေးတွေထပ်ပြီးလို့ ခေါင်းလောင်းသံအချက်ပေးကာ ထွက်လာကြလေသည်။ အဆောင်၏အပေါ်ထပ်မှနေကာ သူတို့လေးယောက်လုံးတိုင်ပင်ထားသည့်အတိုင်းဘဲ နောက်ဆုံးနှစ်နောက်ဆုံးနေ့နောက်ဆုံးအချိန်မှာ မေးခွန်းစာရွက်များနှင့်တကွ ပါလာသောစာရွက်များကို အပေါ်ထပ်မှနေ၍ ဖြန့်ကြဲလိုက်လေတော့သည်။

  ''ဝေး ငါတို့တွေလွတ်လပ်ပြီး ကျောင်းသားဘဝကိုနောက်ထပ်မရနိုင်တော့သလို လူ့လောကကိုအခြေ ချရတော့မယ်ဟေ့ လေ့လာစရာ အဖုံဖုံနှင့် လောကကြီးကငါ့တို့ကိုဆီးကြိုနေလေရဲ့ ပျော်လိုက်တာ '' ထအော်ပြီး စာရွက်များကိုဖြန့်ကျဲလေတော့သည်။

         ထို့အပြုအမူများကိုကျောင်းသား အားလုံးက ငေးကြည့်နေ၍ ကြောင်မိလေနေကြသည်။ ထို့နောက်ဘုန်းလရောင်က လုပ်စမ်းပါဟု ကျောင်းသားများကိုအချက်ပြသောအခါ ကျောင်းသားကျောင်းသူများကပါ သဘောပေါက်ပြီး လိုက်ဖြန့်ကြဲ၍ အော်ဟစ်လိုက်ကြတာ တစ်ကျောင်းလုံးညံထွက်သွားသလို စာရွက်လေးတွေလည်းဖွေးဖွေးစင်နေလေတော့သည်။ ထို့နောက်သ်ူအဖွဲ့နဲ့သူ အသီးသီးအဆောင်မှ ထွက်လာကြလေတော့သည်။

''မြတ်သူရာ ဒီနေ့လေငါစိတ်ထဲပျော်နေသလို ဝမ်းလည်းနည်းတယ်'' ဘုန်းလရောင်ကပြောလေသည်။

''တူတူပါဘဲကွာ တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ကျောင်းသားဘဝကလွတ်ပြီးဆိုပြီးပျော်ရွှင်ကြသလို ချစ်သောသူငယ်ချင်း၊ဆရာဆရာမ များနှင့် ကျောင်းတော်ကြီးနဲ့ဝေးရပြီးဆိုပြီးလည်း ဝမ်းနည်းမိတယ်လေကွာ ''

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin