" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 22 )

213 13 2
                                    

''ကျွန်တော်ချစ်ရသော ထိုကောင်လေး''

        *****အခန်း ( ၂၂ )****

''ခံစားရ.....ဆုကျေးဇူးကောင်းချီးမင်္ဂလာ.....''

''ရေတွက်လို့ ...ချီးမွမ်းကာသီဆိုမည် ......''

''အသက်မွေးလောက်သော.......အစာကိုနေ့ရက်အစဉ်တိုင်း.....''

  ''ချပေးတော်မူသောကြောင့် .....ကျေးဇူးတင်သည် .......''

''သာယာသောမြစ်နားသို့ ...လမ်းပြခဲ့ပြီး ......စိမ်းလန်းသောအရပ်၌ ...အိပ်စေမူသည်....''

''ဖြားယောင်သွေးဆောင်မှုအပေါင်းတို့မှ .......လွတ်မြောက်စေသည် ....ကျေးဇူးတော်ကာလ၏ ........နေ့ရက်များ .......''

''နားညောင်းတော်မူပါ ....ကိုယ်တော်ဘုရား .... စိတ်တော်နှင့်တွေ့သမျှ ငြိမ်သက်ခြင်းပေးပါ.......''

''အာမင်......''

           ပတ်ဝန်းကျင်ကသန့်ရှင်း၍ ရာသီဥတုကသာယာနေလေသည်။ တနင်္ဂနွေနေ့လေးဖြစ်သောကြောင့် ခရစ်ယာန်ဘာသာဝင်တို့၏ ဝတ်ပြုကိုးကွယ်ရာနေ့လည်းဖြစ်ပေသည်။ ထို့ကြောင့်လည်း ကရာနီအသင်းတော်၏ဝတ်ပြုဆုတောင်းသံသည် သာယာစွာဖြင့် ထွက်ပေါ်နေလေသည် ကြားရသူ့အဖို့မှာလည်းစိတ်ချမ်းသာလှ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုအောက်မေ့သတိရစေလေသည်။

          ဘုရားဝတ်ပြုချိန်ပြီးဆုံး၍ ဘုရားဝတ်ပြုရန်လာကြသော လူအများကလည်းချစ်ခင်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ခြင်းမိဿဟာယပြုကြ၍ တစ်ဦးကိုတစ်ဦးရင်းနှီးချစ်ခင်စေကြလေသည်။ ထိုသို့နှုတ်ဆက်နေခြင်း၌ပင် ။

''ဟာ မဟာ '' Johnny ကနှုတ်ဆက်လေသည်။

''Johnny လာဝတ်ပြုတာလား'' မာန်မဟာကမေးလေသည်။

''အေးပေါ့ကွ ရက်မြက်ဥပုသ်နေ့မှာမလာလို့ရမှာလား ဘဝမှာ ဘယ်လောက်ပဲအချိန်မအားပါစေ ဒီအချိန်လေးကိုတော့ ကိုယ်တော့်အတွက်ပေးနိုင်ရမယ်လေ ''

''ဟုတ်တယ်နော် ကိုယ်တော်ရဲ့ကျေးဇူးကြောင့်သာ လာရောက်ဝတ်ပြုခွင့်ရတာလေ ကျေးဇူးတင်တယ်ကိုယ်တော် ''

''အာမင် ''

          သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်ချိန်လေး၌တွင် စစ်သွေးလျှံနှင့် ခွန်းဆက်ပိုင်လည်းထွက်လာလေသည်။ စစ်သွေးလျှံကလည်း......

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Donde viven las historias. Descúbrelo ahora