''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၄၀ )******
''ဒါကိုနေနေတဲ့တိုက်ခန်းဘဲ အခုချိန်ကစပြီးတော့ ညီလည်းဒီမှာဘဲနေရမှာ အိုကေနော်''
''မနေလို့မရဘူးလား''
''အား...ကျွတ်..မရဘူးကွာ မင်းကိုဘယ်မှအပျောက်မခံနိုင်ဘူး ရေသွားချိုးတော့ ပြီးလျှင်အိပ်မယ်''
''ခဏ''
'ဘာလဲ''
''ကို့နာနေသေးလားဟင် ခုနကရန်ဖြစ်ထားတော့''
''မနာပါဘူးဒီလောက်က ဘာမှမဖြစ်ဘူးအေးဆေး အေးတစ်ခုဘဲရှိတာ ဒီတစ်ခါကိုယ့်အနားကပျောက်သွားလို့ကတော့ ကိုယ်သတ်မှာအခြား လူမဟုတ်တော့ဘူးနော် မင်းဘဲ''
''ငင့် ခြိမ်းခြောက်နေတာ''
''တကယ်ပြောနေတာ သွားရေသွားချိုးတော့ ဗီဒိုထဲမှာ မင်းအတွက်အဝတ်အစားတွေငါစီစဉ်ထားပြီးသား''
''ဟင် တကယ်ကြီးလား''
''မယုံသွားကြည့်လေ''
ခွန်းဆက်ပိုင်တစ်ယောက် ဗီဒိုအားသွားဖွင့်ကြည့်လေတော့
''အိုး..အားပါပါး '' ဟုတ်တာပေါ့ ဘယ်ကတည်းက စီစဉ်ထားလဲမသိပေမဲ့ အားလုံးက ခွန်းဆက်အကြိုက် ခွန်းဆက်နဲ့ကွက်တိတွေချည်းပါဘဲ ....''ကိုဘယ်ကတည်းကစီစဉ်ထားတာလဲ''
''ဒီအခန်းပြောင်းလာပြီးနောက်နေ့ကတည်းက''
''ဘာလို့အများကြီးလုပ်ထားတာလည်း ပိုက်ဆံကုန်မှာပေါ့''
''မင်းအတွက်ကုန်တာဘဲလေ''
''ညီကမတွေ့လျှင်ဘယ်လိုလုပ်မှာလည်း အကုန်လုံးအလကားဖြစ်သွားမှာပေါ့''
''မတွေ့ဘူးဆိုတာမယုံဘူးလေ တွေ့အောင်ကိုရှာမှာ တွေ့လျှင်တစ်ခါတည်းခေါ်ခဲ့ရအောင်အားလုံးစီစဉ် ထားတာ စကားများမနေနဲ့ရေသွားချိုးတော့''
''ဟုတ်''
''ဘာလဲကိုယ်နဲ့အတူချိုးချင်လို့လား ''ဆိုပြီးခွန်းဆက်အနားသို့အသွား....
''ဟိုဆရာ .......''ဆိုပြီး ခွန်းဆက်ရေချိုးခန်းသို့ပြေးဝင်လေတော့သည်။
YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...