" ကျွန်တော်ချစ်ရသောထိုကောင်လေး " Part ( 9 )

281 20 2
                                    

'' ကျွန်တော်ချစ်ရသော ထိုကောင်လေး ''

                ''အခန်း  ( ၉ )''

         ခွန်းဆက်ပိုင်တစ်ယောက် စစ်သွေးလျှံအကြောင်းစဉ်းစားမိလေနေသည်။ သူဘာလို့များ စိတ်ဆိုးနေတာလည်း ငါလည်းဘာမှအမှားမလုပ်မိပါဘူး သူဘာကိုများအလိုမကျပါလိမ့် ခွန်းဆက်ပိုင်စဉ်းစားလို့မရပေ။ ထိုစဉ်

''ခွန်းဆက်ပိုင် '' စစ်သွေးလျှံ၏ခေါ်သံကြောင့် ခွန်းဆက်ပိုင်တစ်ယောက် လန့်သွားလေသည်။

''ဗျာအကို''

''အေးထွက်လာခဲ့ဦး အခန်းထဲကနေ ''

''ဟုတ်ကဲ့ ''

         ထို့နောက် ခွန်းဆက်ပိုင်တစ်ယောက် စစ်သွေးလျှံရှိရာ ဧည့်ခန်းသို့ဆင်းလာလေသည်။ ဧည့်ခန်းထဲတွင် မျကိနှာကခပ်စူစူနဲ့ ခပ်တည်တည်ကြီးထိုင်နေသော သူ့အား ခွန်းဆက်ပိုင်အနည်းငယ်တော့ လန့်မိလေသည်။

''ဘာပြောမလို့လည်း ကိုစစ်''

''ထိုင်ဦး ''

''ဟုတ် '' ဟုဆိုကာသူစစ်သွေးလျှံ၏ဘေးဘက်ထိုင်ခုံ၌ ထိုင်လိုက်လေသည်။

         ဖြစ်ချင်တော့ သူ့ကိုခပ်လန့်လန့်ထိုင်လိုက်ရာမှာ ခြေခေါက်ပြီး သူပေါ့်သို့ တည့်တည့်ကျလေတော့သည်။ စစ်သွေးလျှံလည်း ခပ်မြန်မြန်လှမ်းဆွဲလိုက်တော့ ခွန်းဆက်ပိုင်တစ်ယောက် သူ့ရဲ့ရင်ခွင်ထဲသိုရောက်သွားလေတော့သည်။ ရုတ်တရက်လည်း စစ်သွေးလျှံလည်း ကြောင်ပြီးမျက်နှာချင်းဆိုင်ခဏမျှကြည့်နေမိလေသည်။ သူကိုယ်သူလည်း တစ်မျိုးလေးခံစားမိလေသည် ဘာလဲဆိုတာတော့ သူကိုယ်တိုင်လည်း မသေချာ
ထို့နောက်

''ဖြစ်လိုက်လျှင် အမြဲတမ်း အဲ့လိုဘဲ ''သူပြောလိုက်လေသည်။

        ခွန်းဆက်ပိုင်လည်း နဂိုကတည်းကလန့်ပါတယ်ဆိုမှ အခုလိုဖြစ်လာတော့ ပိုဆိုး ကြောက်နေသောမျက်နှာလေးနဲ့

''ခြေခေါက်သွားတာပါ ''

''မနေ့ကကုန်တိုက်မှာကရော ''

''မမြင်လို့ပါ သူ့ကိုတိုက်မိတာ ''

        ခွန်းဆက်ပိုင်နဲ့ ဘုန်းလရောင်တို့ တိုက်မိတာကို ပြန်ပြောနေခြင်းပါ။

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Where stories live. Discover now