''ကျွန်တော်ချစ်ရသော ထိုကောင်လေး ''
******အခန်း ( ၁၃ ) ******
စစ်သွေးလျှံနိးထလာလေပြီး သူကြည့်လိုက်တော့ သူ့ရဲ့အခန်းထဲရောက်နေလေသည်။သူဘယ်လိုများရောက်နေတာလည်းလို့ သူပြန်စဉ်းစားမိလေသည်။ ဝိုးတိုးဝါးတားနဲ့ဖြစ်နေလေသည် ပြီးတော့အိပ်မက်လား တကယ့်လက်တွေ့လား သူမသဲကွဲပေ တစ်စုံတစ်ယောက်က သူ့၏နဖူုးပင်လေးအား ကြင်နာစွာနှင့်အနမ်းလေးပေးခဲ့တာ အဲ့တာရော ဘယ်သူများလည်း လောလောဆယ်ဆယ်တော့ သူရေချိုးရပေမည် အာ့မှလည်း လန်းသွားပေတော့မည်။ ဒီလိုနှင့်သူအိပ်ယာကုတင်ထက်မှထပြီး ရေချိုးခန်းဝင်ဖို့လုပ်တော့ ရေချိုးခန်းအရှေ့မှာ ကိုယ်သုတ်ပုဝါအဖြူရောင်လေးကို ထားထားပေးလေသည်။ သူတစ်ချက်ပြုံးလိုက်မိလေသည် မေမေတို့တောင်အခုလိုမလုပ်ပေးဖူးသေးပေ ဒါကတော့ ခွန်းဆက်ဘဲဖစ်ရမည်ဟု သူအတိအကျယုံကြည်နေလေသည်။ထိုပုဝါလေးအားသူတစ်ချက်နမ်းလောက်နမ်းကြည့်လိုက်လေသည်။ သူတစ်ချက်စဉ်းစားမိသွားလေသည် သူဒီပုဝါအားမလျှော်ရသေးပေ သို့ပေမဲ့အခုတော့ လျှော်ပြီးသားဖြစ်နေတယ် ဘာလို့ဒီလောက်မြန်ဆန်နေတာလည်း မေမေလျှော်သွားပေးတာလား မေမေကလည်း အိမ်မှာမရှိ ဒါဆိုခွန်းဆက်ဘဲလား မနေ့ကမှတွေ့နေသေးတယ်မလျှော်ရသေးလို့ အခုတော့အမွှေးရနံလေးပါရနေလေသည်။ သူလည်းထိုပုဝါလေးအား ပတ်ပြီးရေချိုးခန်းဝင်လိုက်လေသည် လန်းဆန်းသွားအောင်အားရပါးရ သူရေချိုးလိုက်လေသည်။ ခဏကြာတော့ အခန်းရှေ့မှ သူအားခေါ်သံသူကြားလေတော့သည်။
''စစ်သွေး ဟျောင့် မင်းရေချိုးနေတာ ဒီနေ့ပြီးမှာလား ဒီမှာအားလုံးအဆင့်သင့်ဖြစ်နေပြီးကွ'' ဖြိုးယံကျော်ရဲ့အသံပါ။
''အေးအေး ပြီးပြီ ခဏလေး ''သူပြန်ပြောလိုက်လေသည်။
ထို့နောက်ရေမိုးချိုးပြီးလို့ သူအဝတ်အစားလဲကာ သူထွက်လာခဲ့လေသည်။ အောက်ထပ်သို့ရောက်တော့ နေခြည်ရော၊ဖြိုးယံကျော်ရော၊ခွန်းဆက်ပါ အဆင်သင့်နဲ့စောင့်နေကြလေသည်။
''ကိုယ်တော်ကြွလာသေးတယ်နော် စိတ်ထဲခုနကတစ်ခါတည်း ကြွသွားပြီးလားလို့ ''နေခြည်သွေးကပြောလေသည်။
أنت تقرأ
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
خيال (فانتازيا)ရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...