''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၃၅ )*****
ဒေါ်ဝတ်ရည်ချိုတစ်ယောက် ခွန်းဆက်ပိုင်မိဘတွေရှိသော နယ်မြို့လေးသို့ ပြန်ရောက်မည်ဆိုသောကြောင့် လိုအပ်တာလေးများ ဝယ်ယူပြီး ပြန်လာခဲ့ပေပြီး။ မနက်ဖြန်ဆို ခွန်းဆက်ပိုင်က နယ်မြို့လေးကို တစ်လလောက်ပြန်မည်ဖြစ်သည်။ သားအရင်းကဲ့သိုမခြားချစ်ရသော သူလေးလည်းဖြစ်သောကြောင့် ခဏတာလေးဝေးရမှာဆိုပေမဲ့ သူမလည်း စိတ်မကောင်းဖြစ်နေရတယ် သူမတောင်ဒီလောက်စိတ်မကောင်းဖြစ်နေလျှင် ခွန်းဆက်လေးရဲ့မိခင်ဆို ဘယ်လောက်များ သူ့သားကိုလွမ်းနေမှာလဲ သူမပြန်စဉ်းစားလေတော့သည်။ ထိုစဉ် သူမရဲ့ ဖုန်းလေးမြန်လာလေသည်။
''တီ....တီ...တီ..'
ဒေါ်ဝတ်ရည်ချိုတစ်ယောက် သူဖုန်းကြည့်လိုက်တော့ သူမသိတဲ့နံပါတ်လေးပါ ပထမသူမကိုင်ဖို့စဉ်းစားလိုက်လေသည်။ ဒါပေမဲ့ဖုန်းလေးက ဆက်တိုက်ခေါ်နေတော့ ကိစ္စရှိလို့ဖြစ်ရမည်ဟုတွေးကာ သူကိုင်လိုက်လေသည်။
''ဟယ်လို ဘယ်သူနဲ့စကားပြောချင်လို့ပါလဲရှင်''
တစ်ဖက်မှလည်းအသံထွက်လာလေသည်။
''ဟယ်လို အခုပြောနေတာက ဒေါ်ဝတ်ရည်ချို ဟုတ်ပါရဲ့လား''
''ဟုတ်ပါတယ်''
''ဟုတ်ကဲ့ပါအဲ့တာဆိုလျှင်တော့ အန်တီရဲ့အကျိုးကို လိုလားသူတစ်ယောက်ပါလို့အရင်ပြောပါရစေ အခုကျွန်တော်အန်တီရဲ့ဖုန်းကို အပုံလေးတစ်ချို့ပို့ထားပေးပါမယ် ဖုန်းချတာနဲ့အန်တီဝင်ကြည့်လိုက်ပါခင်ဗျာ ပြီးရင်တော့ သေချာဟုတ်မဟုတ် အန်တီသားတွေကို ပြန်မေးကြည့်ပေတော့ ''ဆိုပြီးဖုန်းချသွားလေတော့သည်။
''ဟယ်လို .....ဟယ်လို ''သူမခေါ်နေပေမဲ့ ဖုန်းကချသွားလေပြီး ဘယ်သူများလဲကွယ် နာမည်မပြောဘာမပြော ပြောချင်ရာပြောပြီးချသွားတယ် နေပါဦး သူပြောသွားတာ အပုံတစ်ချို့ပို့လာမယ်တဲ့ ဘာပုံတွေလည်း ဖွင့်ကြည်ဦးမှပါ ထို့နောက်ဒေါ်ဝတ်ရည်ချိုတစ်ယောက် သူမဖုန်းအားဖွင့်ကြည့်လေတော့သည်။
ESTÁS LEYENDO
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasíaရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...