''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၂၆ )*****
ခွန်းဆက်ပိုင်တစ်ယောက် ချိန်းဆိုထားသော So in Love ( Hair Beauty Saloon ) လေးကိုရောက်လာလေပြီး။ ပဒေသရာဇ် ကလည်း ...
''ဟာရောက်လာပြီးလားကွ စောလိုက်တာ ''
''အေး ငါကအချိန်ကိုလေးစားတာလေကွာ ''
''ဒါနဲ့လူကြီးတွေရောက်ပြီးလား ပဒေသရာဇ်''
''မေမေကတော့ခဏနေ ရောက်လိမ့်မယ် ''
''အေး ရိုက်မှာက ဘယ်မှာလဲ ''
''စိတ်မပူပါနဲ့ကွာ မေမေကအားလုံးစီစဉ်ထားပြီးသား မေမေရောက်လာတာနဲ့ ဆိုင်သစ်နေရာကို ဒီကနေသွားမယ် မေမေရယ်၊ငါရယ်၊မင်းနဲ့ သက္ကရာဇ်နဲ့ပေါ့ကွ ကျန်တဲ့လူတွေကတော့ ဟိုမှာရောက်နေပြီး ''
''အေးပါကွာ ''
''လာခဏလေးစောင့် လောလောဆယ်တော့ orange fresh juice လေးသောက်ထားဦး ''
''ကျေးဇူး သူငယ်ချင်း ''
ထို့နောက် ခွန်းဆက်ပိုင်ရော သက္ကရာဇ်ရော လိမ္မော်ရည်လေးသောက်ရင်းနှင့် ပဒေသရာဇ်၏မိခင်ကို စောင့်နေကြလေသည်။ နောက်ထပ်ဆယ်မိနစ်ခန့့်ကြာသောအခါ ဆိုင်ထဲသို့ဝင်လာလေတော့သည်။
''ဟော သားတို့တောင်ရောက်နေကြပြီးဘဲ စောင့်နေကြတာ ကြာသွားပြီးလားကွယ်''
''မင်္ဂလာပါအန်တီ မကြာသေးပါဘူး ဆယ်မိနစ်လောက်ဘဲရှိသေးတာ''
''အေးကွယ် အားနာလိုက်တာ လမ်းမှာကကားတွေကြပ်နေတာ ''
''ဟုတ်ရပါတယ်အန်တီရယ် ''
ထို့နောက် ..
''သားရေ ပဒေသရာဇ်''
သားဖြစ်သူကို လှမ်းခေါ်လိုက်လေသည်။
''ဗျာမေမေ ''
''ပစ္စည်းတွေအဆင်သင့်ဖြစ်နေပြီးလားသား ''
''ဟုတ်မေမေ အဆင်သင့်ပဲ ''
''အိုကေသား အာ့ဆိုသွားကြရအောင် ''
''ဟုတ်ကဲ့မေမေ ''
ထို့နောက် ခွန်းဆက်ပိုင်တို့အုပ်စုလေးလည်း ကားလေးနဲ့ ဆိုင်သစ်နေရာသို့ ထွက်လာခဲ့ကြလေတော့သည်။ ကားလေးကို မိနစ်လေးဆယ်ခန့်မောင်းပြီးလေတော့ ထိုဆိုင်ဖွင့်မဲ့နေရာလေးသို့ရောက်လာလေတော့သည်။ ထိုနေရာလေးသည် လူလည်းစည်ကား၍ လူကုံတန်အသိုင်းအဝိုင်းများသေယနေရာလေးလည်းဖြစ်ပေသည်။

YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...