''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
******အခန်း ( ၃၈ )******
စစ်သွေးလျှံတစ်ယောက် အိမ်ကထွက်လာပြီး မပြန်တာ ဒါနဲ့ဆို တစ်ပတ်တိတိရှိပါပြီး။ စစ်သွေးလျှံရဲ့ ဖေဖေဘက်ကအဘွားက စစ်သွေးလျှံအားပေးခဲ့သော အမွေတိုက်ခန်းလေးမှာသွားနေနေခြင်းပါး ခွန်းဆက်ကိုရှာနေခြင်းကတစ်ပတ်တိတိရှိနေပါပြီး။ ဘယ်မှာမှရှာမတွေ့သေးပေ သူတော်တော်ကိုခံစားရနေပါတယ် ထို့အတူခွန်းဆက်ပိုင်ကိုလည်း တော်တော်စိတ်ပူနေပါပြီး ဘယ်လိုမှလည်းဆက်သွယ်မရသေးပေ။
''တီ...တီ...တီ...''
ဝင်လာသောဖုန်းလေးကိုကြည့်လိုက်တော့ သက္ကရာဇ် ဆီကဖြစ်နေလေသည်။
''ပြောသက္ကရာဇ် ''
''အေးခွန်းဆက်မင်းအဆင်ပြေရဲ့လား''
''ပြေပါတယ်ကွာ အေးမင်းကတော့ပြေတယ်သာပြောတာ ကိုစစ်ကတော့ အကြီးကြီးခံစားနေရပြီး သူ့အိမ်ကလုပ်ခဲ့တာတွေလည်းသူသိသွားပြီး သူအခုအိမ်ပေါ်ကနေဆင်းခဲ့တာတစ်ပတ်ကျော်နေပြီး ကြားတယ် ဘယ်လိုနေဘယ်လိုစားလဲမသိဘူး မင်းကိုဘဲလိုက်ရှာနေတာတဲ့ ''
''နောက်တော့သူအဆင်ပြေသွားမှာပါ''
''နောက်တော့ပြေမပြေတော့မသိဘူး လောလောဆယ် အရက်သောက်ပြီးမူးမှောက်ပြီးသေမလား ကားတွေဘဲအရမ်းမောင်းလို့ သေမှာလား ဘယ်သူနဲ့ပြဿနာဖြစ်နေမှာလား အရင်အဲ့တာစဉ်းစား သူ့အကြောင်းလည်းမင်းသိရဲ့သားနဲ့ကွာ ''
''အင်းသိပါတယ်ကွာ ''
''အေးလေ မင်းမသနားဘူးလား ''
''သနားတာပေါ့သူဘယ်လောက်ခံစာနေရမှာလဲ ငါသိနေတာဘဲကို''
''အာ့နဲ့များကွာ ''
''ငါကရော ငါကရောမခံစားရဘူးလို့ထင်နေလို့လား''
''ငါနားလည်ပါတယ် ဒါနဲ့ကျောင်းကိစ္စရော ''
''ငါအားလုံးစီစဉ်ပြီးပြီ ''
''အလုပ်လုပ်မယ်ဆိုမင်းက ဘာလုပ်မှာလည်း''
''အေး လောလောဆယ်တော့ ငါ ညနေငါးနာရီလောက်ကနေ ညဆယ့်နစ်နာရီထိလုပ်လို့ရတဲ့ စားသောက်ဆိုင်ကိုတွေ့ထားတယ်''

KAMU SEDANG MEMBACA
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasiရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...