" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 19 )

250 13 2
                                    

''ကျွန်တော်ချစ်ရသော ထိုကောင်လေး''

*****အခန်း ( ၁၉ )*****

ခန့်ငြားသွင်တစ်ယောက်အလုပ်ရှုပ်နေလေသည် အကြောင်းရင်းမှာ ဒီနေ့ခန့်ငြားသွင်တစ်ယောက် စိုင်းညီညီဆိုသောသူနှင့် ချိန်းဆိုထားသောကြောင့်ဖြစ်လေသည်။ အခုချိန်ထိစိုင်းညီညီကသူ့ကို ချစ်ကြောင်းသာပြောနေသည်။ သူရဲ့အားနည်းချက်ကများများစားစားမရှိလှ၍ သူလည်းစိတ်ဝင်စားသောကြောင့် ယနေ့ချိန်းဆိုမှုကိုသူလက်ခံခဲ့လေသည်။ တောင်ကြီးသားဖြစ်သောစိုင်းညီညီက သူ့အားတွေ့တိုင်းကြင်နာပြလေသည်။ ငွေကြေးအပိုင်းမှာတော့အဆင်မပြေဟုသိထားသောကြောင့် သူလည်းမပြောဆိုပေ။ သွားတိုင်းလာတိုင်းလိုလို ခန့်ငြားသွင်ကသာ ရှင်းပေးရသည် သို့သော်ဒါကိုလည်းခန့်ငြားသွင်ကမမှုပါ ဒီလောက်ငွေလေးသည် သူ့အတွင် မပြောပလောက်ပေ။

ဒီနေ့မှာတော့ love and sex ကို ခွဲခြားစွာသိလို၍ကတစ်ကြောင်း ထိုအကြောင်းအရာကို အတွေ့အကြုံကလိုသည်ကတစ်ကြောင်းနှင့် ခန့်ငြားသွင်တစ်ယောက် စိုင်းညီညီနဲ့ ချိန်းဆိုခဲ့လေသည်။ ထို့ကြောင့်လည်း ပထမဦးဆုံးအတွေ့အကြုံမို့ လေ့လာဖူးသမျှတွေထဲကလို တစ်ကိုယ်ရည်သန့်ရှင်းရေးတွေလုပ် အလန်းဆုံးဇယားဖြင့် သူအိမ်မှ ကားလေးကိုမောင်းကာထွက်ခဲ့လေသည်။ ချိန်းဆိုထားတဲ့နေရာကတော့ မြို့ပြင်လေးနားက စားသောက်ဆိုင်လေးမှာပါ စားသောက်ဆိုင်လေးဆိုပေမဲ့ တည်းခိုခန်းပါတွဲဖွင့်ထားသောနေရာလေးပါ။ နေရာကတိတ်ဆိတ်လှ၍ ပြောရလျှင် အတွဲလေးတွေအတွက် သီးသန့်ဘုံဗိမာန်လေးလို့လည်းပြောလို့ရပါတယ်။ ထိုနေရာလေးက စားသောက်ဆိုင်ဆိုပေမဲ့ ဝင်ကြေးပေးရသည်။ ထိုနေရာလေးကသန့်လည်းသန့်၍ ကျယ်ဝန်းသည် တိတ်ဆိတ်သည် ရေကူးကန်ကအစ အခန်းများအဆုံးအကုန်ရှိသည်။

တစ်ခါတစ်ခါ Body Show ပွဲလေးတောင်ရှိလေသည်။ ထိုနေရာသည် ဟိုမိုလောကသားတို့ဆုံဆည်းရာနေရာလေးဖြစ်သည် ထိုနေရာမှာတင် လာရောက်သူအချင်းချင်းစိတ်ဝင်စားပါက ဒိတ်လုပ်နိုင်သည် ထိုနေရာမှာထူးခြားချက်က တစ်စုံတစ်ယောက်နဲ့လိင်ကိစ္စပြုမှုဖို့ ဒိတ်လုပ်ပါက ငွေကြေးလုံးဝမပေးရပါ နှစ်ဦးသားသဘောတူပါက လွတ်လပ်သောနေရာ သို့မဟုတ် အခန်းတစ်ခုခု၌ ဒိတ်လုပ်နိုင်လေသည်။ လာရောက်သူများအားလုံးကလည်း ထိုအချက်ကို သိရှိထားကြလေသည်။ အကယ်၍များ မိမိကိုစိတ်ဝင်စား၍ ဆက်သွယ်လာပါက မိမိကမကြိုက်နှစ်သက်ခဲ့လျှင် ငြင်းပယ်နိုင်သည် ကြိုက်နှစ်သက်ခဲ့ပါက အဆင်ပြေသလို နေရာရှာနိုင်လေသည်။ ဝင်ကြေးပေးကတည်းက လိုအပ်သော အသုံးဆောင်ပစ္စည်းများကို ငွေရှင်းကောင်တာက ပေးထားလေသည်။ မိမိပါလာသော ငွေကြေးနှင့် ဖုန်းများ အခြားသောပစ္စည်းများကို ကောင်တာမှာအပ်နှံထားရသည်။ အထဲသို့လုံးဝ ယူခွင့်မရှိ ဒါကလည်း အခြားသူများ သို့မဟုတ် မိမိ၏ပါတနာက အကျင့့်ယုတ်ခဲ့လျှင် ဗီဒီယိုခိုးရိုက်ခြင်း သို့မဟုတ် ငွေများလိမ်လည်ခြင်း အတင်းတောင်းယူခြင်းများကင်းဝေးအောင်လုပ်ထားတာလည်းဖြစ်လေသည်။ မိမိသဘောကျလွန်း၍ ပေးချင်ကမ်းချင်ရင်တော့ ဆိုင်လေးရဲ့အပြင်ရောက်မှ မိမိသဘောဆန္ဒအရ လုပ်ကိုင်နိုင်လေသည်။

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Where stories live. Discover now