''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၂၃ )*****
ခွန်းဆက်ပိုင်တစ်ယောက် ဦးစစ်နိုင်နှင့် ဒေါ်ဝတ်ရည်ချိုတို့အားအကြောင်းစုံကိုရှင်းပြနေလေသည်။
''မေကြီးကရော ဘယ်လိုသဘောရလည်း ''ဦးစစ်နိုင်ကမေးလေသည်။
''မေးကြီးကတော့ ပညာရေးကိုမထိခိုက်ဘူးဆိုလျှင်အားပေးပါတယ် ဖေကြီးကရော ''ဒေါ်ဝတ်ရည်ချိုကပြောလေသည်။
''ဖေကြီးကတော့ ခေတ်အမြင်နှင့်ဘဲကြည့်ချင်တယ် အခုခေတ်မှာလူငယ်တွေကအရာရာကိုလုပ်ကိုင်ဆောင်ရွက်လာနိုင်ပြီး အလုပ်ကိုလည်းနှစ်ခုလောက်ဟာ သူတို့အတွက်အပန်းမကြီးတော့ဘူး တကယ်တမ်းကြိုးစားတဲ့လူတစ်ယောက်ဟာ ဒီလောက်ကလုပ်ကိုင်နိုင်ရမယ်လို့ ယုံကြည်ထားတယ် တစ်ခုတော့ရှိတာပေါ့ ခွန်းဆက်ကအသက်ကငယ်သေးတော့ လူကြီးတွေကကြည့်စီစဉ်ရမှာပေါ့ နောက်တစ်ခုက အခုလိုအခွင့်အရေးရတုန်းမှာလုပ်ကြည့်စေချင်တယ် အောင်မြင်ခြင်းမအောင်မြင်ခြင်းက ဘုရားရဲ့အလိုတော်ပေါ့ အခုချိန်မှာမဖြစ်ခဲ့သေးလျှင်နောက်တစ်ကြိမ်အတွက်အတွေ့အကြုံရတာပေါ့ ''
''အဲ့တာလည်း ဟုတ်ပါတယ် ဖေကြီး''
''ဒါဆိုလျှင်မေကြီးတို့ခွင့်ပြုပေးလိုက်မယ်နော် အတွေ့အကြုံလေးရအောင်''
''အေးပေါ့ ခွင့်ပြုပေးရမှာပေါ့''
ထို့နောက် ဦးစစ်နိုင်နှင့်ဒေါ်ဝတ်ရည်ချိုတို့က ခွန်းဆက်ပိုင်အားခွင့်ပြုပေးလိုက်ကြလေသည်။ ထို့နောက်ခွန်းဆက်ပိုင်လည်း သူ့သူငယ်ချင်းဖြစ်သူ သက္ကရာဇ် အားပြောပြလေသည်။
စစ်သွေးလျှံတစ်ယောက်လည်း သူငယ်ချင်းဖြစ်သူများနှင့်မတွေ့တာကြာနေလို့ ဆုံနေကြနေရာလေးမှာချိန်းလိုက်ကြလေသည်။ ထုံးစံအတိုင်းဘဲနေခြည်က
''စစ်သွေး ခွန်ဆက်ကအောင်မြင်တယ်နော် ''
''ဘာကိုလဲ နေခြည် ''
''ဟာ နင်မသိတာလား မသိချင်ယောင်ဆောင်နေတာလား စစ်သွေး''
''နေခြည်ရာ ပြောစရာရှိပြောစမ်းပါ''
VOCÊ ESTÁ LENDO
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasiaရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...