" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 15 )

216 18 2
                                    

''ကျွန်တော်ချစ်ရသော ထိုကောင်လေး''

******အခန်း ( ၁၅ )******

ဒေါ်ဝတ်ရည်ချိုတို့လည်း ခရီးသွားရာမှပြန်လာကြပါပြီး။

''သားခွန်းဆက် အန်တီချိုတို့မရှိတုန်း အဆင်ပြေကြရဲ့လား''

''ပြေပါတယ်အန်တီချို ''

''သားလေး စစ်သွေးနဲ့ရော ''

''ပြေပါတယ်အန်တီရဲ့ ဘာမှမဖြစ်ပါဘူး ''

''အေးကွယ် အန်တီတို့မှာလည်း သွားမှသာသွားရတာ ကိုယ့်သားအကြောင်းကိုသိထားတော့ စိတ်ပူရသေးတယ်''

''ကိုစစ်ကအဲ့လောက်မဆိုးပါဘူးအန်တီချိုရဲ့''

ထို့နောက်ပါလာသောပစ္စည်းများကိုဝိုင်းဝန်းသိမ်းဆည်းပြီးနောက်တစ်အောင့်လေးကြာမှ စစ်သွေးလျှံရောက်လာလေသည်။

''မေမေတို့ပြန်ရောက်နေပြီးပေါ့လေ ပျော်လိုက်တာ ''စစ်သွေးလျှံကပြောလေသည်။

''အေးပါ လာဦးလာဦး ညီလေးကိုတစ်ယောက်တည်းပစ်ထားပြီးဘယ်တွေကိုလိုက်သွားနေတာလည်းသား ''

''မပစ်ထားပါဘူးမေမေရဲ့ ပြီးတော့ခွန်းဆက်ကကလေးမှမဟုတ်တော့တာ နေရာတကာသွားလေရာ ခေါ်သွားရမှာမဟုတ်တော့ဘူးလေ ''

''ပြောလိုက်လျှင် ဆင်ခြေဆင်လက်ကြီးဘဲ မနက်ဖြန်ခွန်းဆက်ကျောင်းသွားရတော့မှာ သိလား''

''သိတယ်လေ သိလို့ဘဲမနေ့ကလိုတာလေးတွေတောင်ဝယ်ပေးပြီးသွားပြီးမေမေရဲ့ ''

''အေးအဲ့တော့ကျောင်းသွားရင် သားရော ခွန်းဆက်ရောကို ပုံမှန်အတိုင်းဘဲ ဦးမြဝင်းလိုက်ပို့ပေးမယ် ကျောင်းကနှစ်ကျောင်းဆိုတော့ အချိန်တော့ယူရမယ် ခွန်းဆက်ကျောင်းကဝေးတော့ နောက်တော့မေမေတို့ကြည့်စီစဉ်ကြမယ် လောလောဆယ်ဆယ်တော့ ဒီအတိုင်းဘဲလုပ်''

''ဟုတ်ကဲ့ပါမေမေ ဒါနဲ့ဖေဖေရော''

''ဖေဖေကအလုပ်ထဲတန်းသွားတာ သူ့အလုပ်ကိုသူ့ဦးစီးမှသူကစိတ်ချနေတာ အဲ့တာကလည်းတစိမျိုးပြောရလည်းခက်တယ် ''

''သြော်ဟုတ်ကဲ့မေမေ ''

''အေးအေး ရေမိုးချိုးကြ ပြီးရင် စားသောက်ကြမယ် ဒီနေတော့မေမေပင်ပန်းလာတယ် ဖြစ်သလိုဘဲစီစဉ်ပြီး စောစောနားမယ်ကွယ် ''

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Where stories live. Discover now