''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
******အခန်း ( ၃၄ )******
စစ်သွေးလျှံလည်း သက်သာလာလို့ ရက်တစ်ပတ်ခန့်ကြာလေတော့ ဘုန်းလရောင်တို့ဖိတ်ခေါ်ထားသော ညစာစားပွဲလေးကို ရောက်လာကြလေသည်။ စစ်သွေးလျှံ၊ခွန်းဆက်ပိုင်နှင့် သူငယ်ချင်းနှစ်ယောက်လုံးပါလေသည်။ တစ်ဖက်မှာလည်း မြတ်သူကျော်၊ဘုန်းလရောင်၊တည်ငြိမ်ခန့်၊ခန့်ငြားသွင်နှင့် Johnny တို့ပါ။ ကမ်းခြေလေးကို အခြေချထားပြီး ဆောက်ထားသောဆိုင်ကလေးပါ အပန်းဖြေခရီးလည်းပါသလို ခွန်းဆက်ပိုင်ကိုအဓိကထား လုပ်ဆောင်ပေးသော ညစာစားပွဲလည်းပါတာပေါ့။ ဆိုင်ကလေးက သန့်ရှင်း၍ အေးချမ်းလှပါသည်။ လူကအရမ်းတော်မများပေမဲ့ စည်ကားနေပါပေသည်။ အားလုံးစုစုပေါင်း ကိုးယောက်လုံးက အဖြူရောင်လေးတွေကိုသာ ဝတ်ဆင်ခဲ့ကြလေသည်။ ဒါကလည်း ခန့်ငြားသွင်နဲ့မြတ်သူကျော်တို့ရဲ့ အကြံပါ ဘဝရဲ့အမှတ်တရလေးလည်းဖြစ်ရအောင်ဆိုပြီး ကမ်းခြေနဲ့လည်း လိုက်ဖက်ရအောင်အားလုံးကိုအဖြူရောင်လေးတွေ ဝတ်လာခိုင်းရခြင်းပါ။ ညနေခြောက်နာရီကျော်ခန့်ရောက်တော့ စစ်သွေးလျှံတို့ကကိုယ်ပိုင်ကားလေးနဲ့ ရောက်လာခဲ့ကြပါပေပြီး။ ဘုန်းလရောင်တို့ကတော့ အဆင့်သင့်စောင့်နေကြပေသည်။
''ကဲရောက်လာကြပြီး ဘော်ဒါကြီးတွေ'' မြတ်သူကျော်ကပြောလေသည်။
''အချိန်မှီပါတယ်နော်ဗျာ ''စစ်သွေးလျှံက ပြန်ပြောလေသည်။
''ဟုတ်ကွက်တိပါဗျ''
''ကဲ နေရာလေးကတော့ရွေးထားပြီးပြီး ဆိုင်ကလေးရဲ့အပြင်ဘက်မှာဘဲ လေညင်းလေးလည်းရ ငါတို့ကလူများတော့ အသံလည်း သူများကို ဒုက္ခမပေးရတော့ဘူးပေါ့'' မြတ်သူကျော်ကပြောလေသည်။
''ကဲပါ နေရာလေးသွားကြတာပေါ့ ''ဘုန်းလရောင်ကပြောလေသည်။
''အိုကေ''
ထို့နောက်အဖြူရောင်အုပ်စုကလေး သူတို့ရဲ့နေရာလေးကို သွားကြလေတော့သည်။ ထိုင်ခုံလေးတွေ စားပွဲလေးတွေနဲ့အစီအရီသေသပ်လှပနေသည်။
''ကဲအားလုံး လူဆုံပြီးဆိုတော့ အကြီးဆုံးဖြစ်တဲ့ ကိုယ်ကဘဲ မသိသေးတဲ့လူတွေကို မိတ်ဆက်ပေးမယ် ''
ESTÁS LEYENDO
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasíaရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...